part (21)

11K 835 18
                                    

"လာ အချစ် မျက်နှာ သစ်ပြီးပြီလား  ဒီမှာ ကိုယ် ပြင်ထားတာ တွေကြည့်ပါအုန်း "

နွားနို့ ၊အနှစ်ပေါက်နေသော ကြက်ဥကြော် ၊ပါမုန့်မီးကင်၊သစ်သီးစုံက စားပွဲပေါ်မှာ ကြိုဆိုနေသည်။

"ဒါ ဘာတွေလဲ ငါ မကြိုက်ဘူး မစားဘူးနော် "

"ဟင် ဒါဆို အချစ်က ဘာစားချင်လို့လဲ ပြောလေ ကိုယ်ရအောင်လုပ်ပေးမယ် "

"စွပ်ပြုပ်သောက်ချင်တာ ခု "

"ကောင်းပြီလေ ကိုယ်အခု သွားဝယ်ပေးမယ် ဒါပေမယ့် နွားနို့တော့ ကုန်အောင်သောက်နော် ကလေးလေးကော အချစ်လေးကော အားရှိအောင်လို့ ဟုတ်ပြီလား "

"အင်းပါ သွားဝယ်စရာရှိတာ သွားဝယ်ပါ ဒီမှာ ဗိုက်ဆာနေပြီ "

"ခဏပဲစောင့် "

Yibo ကားသော့ယူကာ ပြေးထွက်သွားသည်။ ထွက်သွားသော yibo ကျောပြင်ငယ်အား ကြည့်ကာ xiaozhan ပြုံးမိသည် ။

.
.
.
.
...................

"ကယ် ရလာ ပါပြီ အမဲစွပ်ပြုပ်ပူပူလေး "

"မြန်သားပဲ "

"ကိုယ်က တော်တယ်လေ အဟဲ "

"ဟာ  အချစ်ကကွာ နွားနို့လဲ ကုန်အောင်ဘမသောက်ထားဘူး "

"ငါ မှ မကြိုက်တာ "

"ဟာ ဟာ ငရုပ်သီး အနှစ်တွေ အဲ့လောက်မထည့်နဲ့လေ ဟာ ဒုက္ခပါပဲကွာ "

"ဘာဖြစ်လဲ စားချင်လို့ စားတာလေ ဘာတွေ လျှာရှည်နေတာလဲ "

"မဟုတ်ဘူးလေ ကိုယ့်လေ့လာထားသလောက်ကတော့ ကိုယ်ဝန်ဆောင်တွေက အပူအစပ်တွေ အရမ်းမစားရဘူးတဲ့ ကလေးအတွက်မကောင်းဘူးတဲ့"

"အင်းပါ နောက်မစားတော့ဘူး ခုတော့ စားလိုက်တော့မယ် အိုခေ "

"ဟူးးး "

*ဒါကြတော့ မပျို့ဘူးနော် သူစားချင်စိတ်ရှိလို့ထင်တယ် *

မနက်စာ စားပြီးထဲက အိမ်ရှေ့ ဧည့်ခန်းထဲတွင် ထိုင်နေသော xiaozhan အနား yibo အနား အသာသွာကာ ဘေးတွင် ထိုက်ချလိုက်သည် ။

"အချစ် !"

xioazhan ကိုယ်လေး တွန့်ကနဲ့ ဖြစ်သွားရသည် ။

Roseate love between us 💜Where stories live. Discover now