part (1)

35.3K 1.3K 15
                                    

တစ်ကျောင်းလုံးကျောင်းသားအသစ်
အကြောင်းရုပ်ရုပ်သဲသဲဖြစ်နေချိန်...

ကျောင်းစာကြည့်တိုက်ထဲတွင်တော့..

"ဘာ!"

"အာ...လန့်လိုက်တာ XiaoZhanရယ်
ဖြေးဖြေးအော်ပါကွာ မင်းရောက်နေတာ
စာကြည့်တိုက်ဆိုတာလဲမမေ့နဲ့အုန်း"

ထိုအခါမှ xiaozhan ဘေးသို့တစ်ချက်ဝေ့
ကြည့်လိုက်တော့ သူ့အား ပြူးကြည့်နေ
ကြသော ကျောင်းသူလေးများး

"မဟုတ်ပါဘူးကွာ မင်းတို့ပြောတာ
လိုတာထက်ပိုနေကြလို့ပါ တကယ်ပါပဲ လူကို
နတ်သားဖြစ်အောင် ပြောနေကြတယ် ..."

XiaoZhan ခေါင်းလေးခါလိုက်ပြီး လုပ်လက်စစာသာဆက်လုပ်နေလိုက်သည်...

~~XiaoZhan အသက် ၁၈ အထက်တန်း
နောက်ဆုံးနှစ် နှစ်တိုင်း ပညာရေးဘက်တွင်
ထိပ်ဆုံး၌အမြဲရှိနေသူ ဘယ်သူ့ကိုမှ
ဂရုမစိုက်တဲ့ မာနခဲ့လေးကတော့
ကျောင်းသူအားလုံးရဲ့
အိမ်မက်ထဲက မင်းသားလေးပေါ့ ~~
.............................................................
ထိုအခါမှ ZiYi(ဝမ်ချင်)က ဖတ်လက်စစာအုပ်လေးကိုပိတ်လိုက်ပြီး..

"တကယ်ပြောတာဟ အဲ့ကျောင်းသားသစ်ကဟိုဘက်ကျောင်းမှာဆိုလဲ ပညာရေး ၊ဂီတ၊အားကစား အကုန်firstပဲတဲ့..."

Yubinသူ့အမဖြစ်သူစကားကို ထောက်ခံသောပုံစံဖြင့် ခေါင်းလေးငြိမ့်ကာ..စကားကိုဆက်လိုက်သည်...

"မမ သူက စာတော်တယ်သာပြောတယ်နော် စာကြမ်းပိုးရုပ်လဲ မပေါက်ဘူး.."

"အဲ့တာကြောင့် ခု ကောင်မလေးတွေဒီလိုဖြစ်နေတာပေါ့.."

XiaoZhanစာရေးနော်သော်လည်းဘေးမှပေါက်ပေါက်ဖောက်နေသောနှစ်ယောက်ရဲ့စကားများက နားထဲဝင်လာ၍စာဆက်မလုပ်နဲ့တော့ပဲ...

*သူကဘာမို့လို့ ကျောင်းကိုနှစ်ဝက်မှလဲ ပြောင်းလာသေးတယ် လူကမရောက်သေးဘူး သူ့အကြောင်းက အရင်ရောက်လို့နားတွေလဲညီးနေပြီ..မင်းကဘယ်လိုမို့လို့လဲ..*

"ဟဲ့ ! XiaoZhan XiaoZhan "

Ziyi အတွေးလွန်နေသော Xiaozhanအား အသာလေးပုတ်ကာခေါ်လိုက်သည်.

"ဟဲ့..လို့ ခေါ်နေတယ်လေဟာ ဘာတွေဒီလောက်တွေးနေတာလဲ"

"အာ..ဘာမှမဟုတ်ပါဘူး ငါ စာစဉ်းစားနေတာ အဟင်း"

Roseate love between us 💜Where stories live. Discover now