part (10)

11.7K 822 6
                                    

"ဟဲ့ ...လူတွေ စုံနေပါလား ဘာလဲ မောင်လေး နင် Fan Xing (စစ်ကျွေး)တို့ကိုပါခေါ်ထားတာလား"

"အေးလေ နင်ပဲ ဖိတ်စာပေးမို့ဆို အာ့ကြောင့် အကုန် စုခိုင်းလိုက်တာ ..."

"အမလေး ငါ့မောင်လေးကချစ်စရာကောင်းလိုက်တာ..."

အကဲ ပိုနေသော အမ ဖြစ်သူကို YuBin မျက်လုံးထောင့်ကပ်၍ကြည့်လိုက်သည် ...

"အာ...Ji Yang (ဆရာလေး) ,Hao Xuan (ရွယ်ယမ်),ဟာ...မမ ရဲ့ Guo Cheng (ကျင်းရီ) လေးးးးး"

ZiYi သူငယ်ချင်းတွေ စုံနေ၍ တော်တော်ပျော်နေသည်

"ဒါနဲ့ ငါ ဖိတ်စာက အများကြီးယူမလာ မိဘူး နင်တို့ ကိုက ဒီတိုင်းပဲ ဖိတ်လိုက်တော့မယ် ဟီးးး လာခဲ့ကြနော် အားးလုံး ..."

အားလုံးကိုယ်စား Hao Xuan ကပဲ ပြောလိုက်သည်...

'လာ ရမှာပေါ့ ဟ ငါတို့ကောင်ကြီး Zhuocheng ကို အပြီ အပြင်ဂုဏ်ပြုရမယ် ဟဟ "

"ဟားးးး အေး လာ ခဲ့ကွာ ငါ အပြည့် အဝ ဧည့်ခံမယ် ဟျောင့် ပြီးတော့ အထူး အစီအစဉ်တွေလဲ ပြင်ဆင်ထားတယ်ကွ .."

"ဟားးးး ကြိုက်တယ်ဟေ့ လာခဲ့မယ် စိတ်ချ ဟျောင့် "

Guo Cheng က သူ့ဗီဇ အတိုင်း စတင် စပ်စုတော့သည် ...

"ဒါနဲ့ မင်းတို့ မိဘတွေက ‌သဘောတူကြတယ်ပေါ့ ဟဲ့ ZiYi နင့် မေ က ဒီလို ငပိန်းကောင်နဲ့သဘောတူတယ်လား ဟားးး"

Zhuocheng ရဲ့ ဆဲသံ ကြွပ်ကြွပ် ညံသွားတော့သည်....

"လီးကို ငပိန်းလား ငါတို့က အိမ်က သဘောတူပြီးသား ခုလဲ သူတို့ပဲ စောစောလက်ထပ်ခိုင်းတာ ဟွန့် မ မေမေ ကလဲ ငါ့ ကို ချစ်လွန်းလို့ ..ရှင်းလား မသာကောင် "

ဆူပုတ်ပုတ်နဲ့ ပြောနေသော zhuocheng က လက်ထပ်‌တော့မယ့် သတိုးသားလောင်းနဲ့မတူ မူကြိုကလေး ကျောင်းမသွားချင်လို့ ကောက်နေသည့်ပုံနဲ့သာတူတော့သည်...

"ဒါနဲ့ ငါတို့ကောင်ကြီး Yiboကို မတွေ့ပါလားဟ "

"အေး အဲ့ကောင်က xiaozhan ပါရင် မလိုက်ဘူးတဲ့လေ "

Jili စကားကြောင့် zhuocheng ဘေးက ZiYi ကို ငဲ့ကြည့်လိုက်တော့မျက်နှာမကောင်းး

Roseate love between us 💜Where stories live. Discover now