"ဖေဖေကြီး"
ပြင်လယ်ပြင်ကိုမျက်နှာမူထားတဲ့ အဖေကြီးက ကျွန်တော့်ခေါ်သံကြောင့် လှည့်ကြည့်ကာ မျက်ရည်များကြားပြုံးကာ...
"သားအပေါ် စိတ်မညိုငြင်ပါနဲ့ အဖေပဲတောင်းပန်ပါရစေ"
"ဟုတ် သားသူ့အပေါိစိတ်မပျက်ပါဘူး"
ကျွန်တော့်စကားအဆုံး အဆုံးစွန်ထိ ရွှင်လန်းလာတဲ့အပြုံးတို့ကိုဆင်ကာ ပင်လယ်ပြင်ဖက်ကိုတရွေ့ရွေ့ထွက်သွားတဲ့အဖေ့ကို...
"အဖေကြီး!"
ဗွမ်း....
"အ......"
အိပ်နေတဲ့ xiao zhanအပေါ် ရေမွန်းသည်အထိ လောင်းချခြင်းခံလိုက်ရသည်
ညက ဒဏ်တွေကြောင့်မလှုပ်နိုင်ကာ... နာကျင်နေရသည့်တည်း...
အခုလို လုပ်ရပ်တွေက လူကိုမသေသေအောင်သတ်နေသလိုပင်....မျက်နှာပေါ်က ရေတွေကို စောင်နဲ့ သုတ်လိုက်ကာ အိပ်ရေးမဝသေးတဲ့မျက်လုံးအစုံကိုအားယူကာ ဖွင့်ကြည့်တော့....
ခပ်ဟဟ လှောင်ရယ်နေတဲ့ Wang Yiboကြောင့် ဒေါသတွေတလိပ်လိပ်နဲ့ ပေါ်ထွက်လာရသည်။
"ဘာလဲ ဒေါသထွက်သွားတာလား"
ကုတင်ပေါ်က အံကြိတ်ထားမိတဲ့ ကျနော့်ကိုကြည့်ကာ ကုတင်ဘေးက ဆိုဖာခုံမှာထိုင်လိုက်တဲ့ Yibo...
"နှိပ်စက်လို့မဝသေးဘူးလား မင်းတော်တော်လူစိတ်မရှိတာပဲ"
"လူစိတ် အဲ့လူစိတ်က ခင်များမှာသာရှိရင် ကျနော်ထောင်ကျစရာကိုမလိုတာ!"
ငါနဲ့ ဘာဆိုင်လို့လဲ.... သူ့အပြစ်ကိုကျသူမမြင်ဘူး...
အမြဲ တစ်ဖက်သားကိုပဲ အပြစ်တင်ဖို့ပဲ တွေးနေတာလား....အသိဥာဏ်မဲ့လိုက်တာ....
"ငါနဲ့ဘာဆိုင်လဲ မင်းဘာသာဆိုးလို့၊ မိုက်လို့၊ ရမ်းကားလို့ ထောင်ကျတာလေ"
YOU ARE READING
Love Affair
Fanfictionသူ့လောင်းရိပ်အောက်မှာ ရှင်သန်နေသ၍ အကျွန်ုပ်သည် ထိုလူသားတစ်ဦးသာ ပိုင်ဆိုင်သည်။........... Wang YiBo /Xiao Zhan. UNIO/XNINE. Fanfiction. Boy Love Fiction. Rate M Zone!