အပိုင်း(၁၀)

978 96 6
                                    

မုန်းပဲ မုန်းတာ မချစ်ဘူးလို့ ကိုယ့်နှုတ်ဖြားက မထွက်ခဲ့မိပါဘူး ချစ်ရသူ။

                       •°•°•°•°•°•°

နီညိုရောင် ဂါဝန်လေးနဲ့ လွန်စွာ လိုက်ဖတ်ညီနေတဲ့ ကောင်မလေးဟာ ကျွန်တော့်ရဲ့ အွန်းဘီမှ အွန်းဘီအစစ်ဖြစ်နေခဲ့သည်။

              "အွန်းဘီ"

ဒီအမည်နာမလေးကို မခေါ်ခဲ့ရတာတောင် အတော်ကြာခဲ့ပြီဖြစ်သော်လည်း နှုတ်ဖြားက ဆွဲနေတုန်းဖြစ်သည်။

လွန်ခဲ့တဲ့ ငါးလလောက်က ရိပေါ်သတ်လို့နေပြီလို့ယူဆထားလို့ရအောင် အွန်းဘီတို့မိသားစုရဲ့နောက်ဆုံးခရီးကို ကိုယ်တိုင်ပို့ဆောင်ခဲ့သည်မဟုတ်လား ဒါဆို သူမက ဘယ်သူများဖြစ်မလဲ။

ရှုပ်ထွေးလွန်းတဲ့ ဦးနှောက်က ပြဿနာလား၊ ယခုမျက်စိရှေ့က အမျိုးသမီးငယ်က ပုံရိပ်ယောင်လား သေချာတော့မသဲကွဲ။

              "ဟေ့လူ ကျွန်မဘောလုံးကို ပြန်ပေးဦးလေ"

မျက်စိနှစ်ဖက်ကို အဖွင့်အပိတ်လုပ်ကာ ခေါင်းကိုအသာယမ်းလိုက်သော်လည်း ထိုအမျိုးသမီးငယ်ရဲ့ မျက်နှာသွင်ပြင်သည် ပြောင်းလဲ သွားခြင်းမရှိတာကြောင့် ရှောင်းကျန့် ခြံအပြင်ကို ဘောလုံး ပစ်ပေးလိုက်ကာ ဖတ်လက်ဆစာအုပ်ကို ကိုင်ပြီး အိမ်ထဲ ပြေးဝင်လာခဲ့သည်။

{ကလင် ကလင် ကလင်}

အိမ်ထဲအရောက် ရင်ဘတ်ကိုအသာဖိကာ ခုန်ပေါက်နေတဲ့ နှလုံးသားရှိရာ ရင်ဘတ်ခြမ်းကြောင့် ပို၍တုန်လှုပ်မိသည်။ ထိုအချိန် အချိန်ကိုက်မြည်ဟည်းလာတဲ့ ဧည့်ခန်းက ဖုန်းအသံကြောင့်

                 "အမေ့"

သေဆုံးသွားသည်မှာကြာပြီဖြစ်တဲ့ အမေ့ပင် တမိသွားသည်။
ဖုန်းနံပါတ်ကိုကြည့်မိတော့ မိမိနဲ့စိမ်းနေတဲ့ နံပါတ်ဖြစ်သည်က တစ်ကြောင်း အွန်းဘီရဲ့မျက်နှာသွင်ပြင်နဲ့အမျိုးသမီးငယ်ကြောင့် ယခုအခါ တုန်လှုပ်နေသည်က တစ်ကြောင်း ရှေ့ဆက်ဘာတွေက ခြောက်ခြားစရာဖြစ်လာမည်ကို မသိနိုင်တာကြောင့် ဆက်တိုက်မြည်နေတဲ့ ဖုန်းဆီရောက်နေသည့် လက်ကိုအသာ သိမ်းကာ အပေါ်ထပ်ဆီက မိမိအခန်းဆီ ပြေးတတ်လာခဲ့သည်။

Love AffairWhere stories live. Discover now