အပိုင်း(၄)

2.8K 231 12
                                    

ဇွန်လရဲ့ နေပူရှိန်ပြင်းပြင်းတို့က လူကိုအငွေ့တောင်ပျံသွားမလား မှတ်ရတယ်။ထိုနေပူကြီးထဲ အဝတ်တွေရေညှစ်နေတဲ့ ထိုလူသားအား
ကြီးချန်တို့က ကြည့်ပြီး စိတ်မကောင်းဖြစ်ရတော့သည်။

အရင်ကလည်းလုပ်ခဲ့တာပဲ ဘဝမမေ့ရဘူးဆိုတဲ့အသိနဲ့ အဝတ်နဲ့လက်နဲ့မပျက် သူမကြိုက်မချင်း လျှော်ရလှမ်းရနဲ့ ခြောက်နှစ်တာအတွင်ထောင်တိန်တစ်ချောင်းသာကိုင်ခဲ့တဲ့ လက်က အခုတော့ အနီရောင်ဖက်သန်းကာ သွေးပင်အနည်းငယ်ဆို့နေလေသည်။

ဒီအဝတ်တွေလျှော်နေရတာ တစ်ရက်အတွင်းသုံးကြိမ်မြောက်ပါ..
မေးလိုက်ချင်ပါ၏ ထောင်ထဲကထွက်ကတည်းကအဝတ်တွေမလျှော်ပဲနေခဲ့သလားလို့.....

တကယ်ပါ ယောကျာ်းတန်မယ့် ဒါလေးကိုတောင်မလုပ်နိုင်ဘူးလားဆို....

လုပ်နိုင်ပါတယ် ဒါပေမယ့် သူ့ထက်ကျွန်တော်အသက်ကြီးတယ်မဟုတ်လား သူ့အနေနဲ့မုန်းနေတယ်ဆိုရင်တောင် လေးစားမှုတော့ရှိရမှာပေါ့.....

စက်နဲ့မလျှော်ရဘူးဆိုလို့လက်နဲ့လျှော်တယ် နေပူထဲမှာထုတ်လှမ်းထားတဲ့ အဝတ်တွေကိုပဲ လိုချင်တယ်ဆိုလို့ ခြံထဲ တန်းလုပ်ကာ လှမ်းထားတော့...

တဖြူးဖြူးတိုက်ခတ်လာတဲ့လေနဲ့အတူ သူ့အဝတ်အစားတွေထံမှ ဆပ်ပြာပန်းအနံ့လေးက လှိုက်တတ်လာသည်...

ဘဝရဲ့ စိတ်ထွက်ပေါက်တစ်ခုက ထိုအရာလေးတွေကသာပေးနိုင်တော့မှာပဲ....

သူမအဆင်ပြေရဲ့လား....
ကျွန်တော် ခက်ခဲနေတဲ့အချိန် ဘေးမှာရှိနေပေးခဲ့တယ်။
ကျွန်တော်အောင်မြင်နေချိန် လက်ခုပ်တီးပေးခဲ့တယ့် သူမ....
သူ့ကို ချစ်နေဆဲပဲ။

မနက်ဖြန် လက်ထပ်ရတော့မယ်....

ယောကျာ်းလေးတစ်ယောက်နဲ့ ကိုယ်မချစ်တဲ့လူနဲ့ အိမ်မက်တောင်မမက်ဖူးဘူး။

Yiboမပြောင်းလဲသွားဘူး အရင်ကလည်း မိုက်မဲတယ် အခုလည်းမိုက်မဲနေတုန်း.....

သခင်ကြီး နောက်ဆုံးပြောခဲ့တဲ့စကားက.....

သားငယ် အချစ်ကို အချစ်လို့ပဲမြင် အခြားအရာတွေနဲ့မရောယှက်နဲ့ ကြာလေ နာကျင်ရမှာ သားငယ်ပဲ တဲ့။

Love AffairWhere stories live. Discover now