ပထမအချစ်နဲ့ နှလုံးသားသေဆုံးပြီးချိန်မှစလို့
အချစ်ဆိုတာ ဘာလဲနောက်ထပ်သေချာမသိခင်
ကျွန်တော့် ဘဝနဲ့အတူခန္ဓာတစ်ခုပါ လူတစ်ယောက်ထံ
အကြိမ်ကြိမ်ဝါးမြိုခြင်း ခံခဲ့ရသည်။သိပ်ကိုနာကျည်းရတယ်။
ဘယ်တော့များမှ သူ့ရဲ့ စေတနာအမှန်တွေကို
အသိအမှတ်ပြုပေးမှာလဲ။×××××××××
"နောက်တစ်ခါ ထွက်ပြေးဖို့ကြံရင် ဒီအိမ်ကအလုပ်သမားတွေအကုန်သတ်ပစ်မယ်"
သူ့ရဲ့ အာဏာသံကြောင့် ကျွန်တော့်လုပ်ရပ်တွေအကုန်အငွေ့အဖြစ်သို့ကူးပြောင်းကုန်သည်။
သူလူမှဟုတ်ရဲ့လား လို့ တွေးမိရင်။
သူဟာ လွန်ခဲ့တဲ့ နှစ်အနည်းငယ်က ဝမ်ရိပေါ်မဟုတ်တော့ဘူးဆိုတာက ခေါင်းထဲတိုးဝင်လာသည်။ကောင်းပါစေဆိုပြီး ရင့်ကျတ်မလားလို့ နောင်တရအောင်ရဲစခန်းမှာ တစ်ညထားခဲ့မှုက အခုချိန် ဘဝရဲ့အမှားတစ်ခုလို့ အချိန်ပြည့်ခြောက်လှန့်ခဲ့သည်။'တောင်းပန်ပါတယ်' လို့မဆိုချင်ပေမယ့် အခုလုပ်ရပ်တွေနဲ့ယှဉ်လိုက်တဲ့အခါ ကျွန်တော့်လုပ်ရပ်တွေထက် သူ့ရဲ့လက်စားချေမှုတွေက ပိုလို့ဆိုးနေခဲ့သည်။
ပြတင်းပေါက်က လိုက်ကာအဖြူရောင်ကို တိုးကာ ဝင်လာတဲ့ မနက်ခင်းလေနွေးနွေးလေးကို ကြည့်ရင်းရောက်တတ်ရာရာတွေးနေလိုက်သည်။
အိစက်နေတဲ့ ကုတင်ကိုလက်နဲ့ထောက်ကာ မနေ့ညက အတွေးရိုင်းရိုင်းက ထင်ဟပ်လာတာကြောင့် ပူထူလာရပြန်သည်။
"ရေ ရေဆာလိုက်တာ"
ကျောဖက်က နရံမှာကပ်ထားသည့်CCTVကို အသာခိုးကြည့်ပြီး
သူကြည့်နေမလား~
အား ရှက်လိုက်တာ
ရေ အောက်ထပ်မှာယူပြီး
အောက်ထပ်မှာပဲနေတော့မယ်အိပ်ခန်းထဲ CCTVရှိနေမှုက နောက်ကျောကိုအမြဲချမ်းအောင်လုပ်နေတာမို့ ကုတင်ဘေးက ရေဗူးကိုအသာယူပြီး အောက်ထပ်ဆင်းဖို့ပြင်တော့သည်။
ဂျောက်~ဂျောက်
ဖွင့်မရတဲ့ တံခါးက အပြင်ကလော့ခ်ချထားသယောင် သေချာအောင်တံခါးခေါက်ကြည့်တော့

ESTÁS LEYENDO
Love Affair
Fanficသူ့လောင်းရိပ်အောက်မှာ ရှင်သန်နေသ၍ အကျွန်ုပ်သည် ထိုလူသားတစ်ဦးသာ ပိုင်ဆိုင်သည်။........... Wang YiBo /Xiao Zhan. UNIO/XNINE. Fanfiction. Boy Love Fiction. Rate M Zone!