အပိုင်း(၅)

2.6K 199 17
                                    

"အ ရေ ရေသောက်ချင်တယ်"

လည်ချောင်းတစ်လျှောက်ခြောက်ကပ်ကပ်နဲ့ အသက်ရှူမဝတော့တာကြောင့် ရေတောင်းမိသည်...

ဘယ်လောက်ကြာကြာအိပ်ထားလဲမသိပေမယ့် အခုအချိန်မျက်လုံးတောင်မဖွင့်နိုင်တော့....

သူမသေသေးဘူးပဲ.....

သေတဲ့သူတွေက နာကျင်မှုမှမရှိတော့တာ.......

မနေ့က စိတ်အရမ်းရှုပ်ကာ တစ်ချို့ တွေစိတ်ညစ်ရင်လုပ်သလို လက်ကိုသံပြားနဲ့လှီးကြည့်တော့....

နာကျင်မှုတော့ရပါရဲ့ ဒါပေမယ့် ရင်ထဲက နာကျင်မှုလောက်တော့မခံစားရ......

စစချင်း သွေးအနည်းငယ်ထွက်ပြီး ဘာမှမဖြစ်ပေမယ့် ငါးမိနစ်လောက်ကြာတော့ မူးနောက်လာကာ ပစ်လဲသွားတော့ နောက်ဆုံးမြင်လိုက်ရသည်က အခန်းထဲပြေးဝင်လာတဲ့ ကြီးချန်....

စိတ်ထွက်ပေါက်ရှာရုံပါသူသတ်သေတာမဟုတ်ပါဘူး.....

သူလုပ်တဲ့လုပ်ရက်ကြောင့် မနေ့က လူဆယ်ဦးသေခဲ့တယ် ပြီးတော့ ချစ်ရတဲ့သူမ မိသားစု အပြစ်မရှိတဲ့ လူတွေအားလုံးက ကျွန်တော့်လုပ်ရက်တစ်ခုကြောက့်အသက်တွေစတေးပေးခံလိုက်ရတယ်....

'ဝမ်ရိပေါ်....

လူစိတ်မရှိတဲ့ အကောင်....

လူတစ်ယောက်ကိုသတ်ဖို့အဲ့လောက်လွယ်ရင် ဘာလို့များ င့ါကိုကျဘာလို့မသတ်နိုင်ရတာလဲ...

သတ်ပစ်လိုက်ပါလား အရိုင်းအစိုင်း.....'

စိတ်ထဲမဟုတ်ဘဲ တိုးတိုးလေးရေရွတ်မိရင်း ရေထသောက်ဖို့ခြေချမိတော့.

ချွင်.....

ခြေထောင်တစ်ဖက်နဲ့ကုတင်တိုင်မှာတွဲချည်ထားသော သံကြိုးကြောင့်...

"WANG YIBO!!!"

...

"ဟားဟားဟား Taoတွေ့လား သူဒေါသထွက်နေတာ သူမေ့နေတာ သူ့ကိုကြိုးနဲ့တုတ်ထားသင့်တာ သူက အဲ့တာနဲ့ပဲတန်တယ် လူလိုထားရင် ကလန်ကဆန်လုပ်တယ် ကြိုးနဲ့ချည်ထားမှငြိမ်မှာ "

Psychoဝင်နေတဲ့ bossကိုကြည့်ပြီး သူပြုံးသလို လိုက်ပြုံး သူခိုင်းတာ လုပ်နေရတဲ့ taoလည်း ဓားအောက်လည်ပင်းရောက်နေတဲ် ဗျိုင်း လိုပါလား...

Love AffairUnde poveștirile trăiesc. Descoperă acum