အပိုင်း(၁၁)

870 105 8
                                    

၁၁

{တီ တီ တီ}

ဖုံးအုပ်ထားတဲ့ မျက်ခွံလေးထဲ တိုးတိုက်ဝင်လာတဲ့ အလင်းရောင်ဖျဖျလေးနဲ့အတူ နားထဲ တတီတီနဲ့မြည်နေတဲ့ စက်ပစ္စည်းအသံဟာလည်း နားထဲတိုးဝင်လို့လာခဲ့သည်။

နှာခေါင်းထဲ မွှန်နေအောင် ရနေပြန်တဲ့ဆေးနံ့တွေကြောင့်ပါ မျက်လုံးအစုံဖွင့်ဟလာခဲ့သည်။

မျက်လုံးဖွင့်ဖွင့်ခြင်း ဘေးဘီဘယ်သူမှမရှိသော်လည်း အဖြူရောင်မျက်နှာကျတ်က စံအိမ်မဟုတ်ဘူးဆိုသည့်အသိနဲ့ လွတ်လပ်သွားသလိုခံစားလိုက်ရသည်။

{ဂျောက်}

"နိုးပြီလား ကိုကို"

တံခါးဖွင့်သံအဆုံး မျက်စိနဲ့နားပင်မယုံနိုင်အောင် အသံနဲ့အတူ အွန်းဘီဟာ အခန်းထဲဝင်လာခဲ့သည်။

"မင်း မင်းအွန်းဘီ "

"ဟား ကိုကိုရာ အွန်းဘီမှ အွန်းဘီအစစ် ကိုကို့ကိုသတိရလို့ ပြန်လာတာ"

ကုတင်ဘေးက လူနာစောင့်ခုံတန်းလေးပေါ်မှထိုင်ကာ ရယ်သံပြပြနဲ့ ပြောလာတဲ့သူမပိုကြည့်လေ စိတ်ထဲအပြစ်လုပ်မထားသလို တုန်လှုပ်မိလာတယ်။

"အွန်း အွန်းဘီက ဆုံးသွားတာကြာပြီလေ"

"ကိုကို က ယုံလား "

ယုံလား ဆိုတော့ ရှောင်းကျန့်ကိုယ်တိုင် နောက်ဆုံးခရီကိုလိုက်ပို့ခဲ့သည်မို့သေချာပေါက်ယုံကြည်သည်။ပြီးတော့ ဝမ်ရိပေါ်ဟာ နောက်ကြောင်းရှုပ်မယ့်ကိစ္စမျိုးဘယ်တော့မှ လုပ်မှာမဟုတ်တာကြောင့် သေချာပေါက်ယုံကြည်မိသည်။

"မင်းက အွန်းဘီမဟုတ်ဘူး"

တုန်ရီနေသည့်အသံကို အသာထိန်းကာ အွန်းဘီမဟုတ်ကြောင်းပြောလိုက်သည်။ရှောင်းကျန့်သိသည့် အွန်းဘီဟာ သွက်လက်ပေမယ့် အမြဲနူးညံ့တဲ့စိတ်ကလေးနဲ့ ဘယ်တော့မှ ခက်ပျက်ပျက်ပြောတတ်သည့်မိန်းကလေးမှမဟုတ်ဘဲ။

"ရှင်က သိသားပဲ ကဲထားပါ ဒါဆိုဖုံးကွယ်စရာမှမရှိဘဲ။"

ပြောလည်းပြောအပြီး မျက်နှာထက်က အရေးပြားအလွှားတစ်ခုဖြစ်တဲ့ လူမျက်နှာတဲ့တူတဲ့ မျက်နှာဖုံးကို ဆွဲချွတ်လိုက်သည်။
ရှောင်းကျန့်ထင်သည်မှာ သေချာပေါက်မလွဲ သူမဟာ အွန်းဘီ မဟုတ်ပါ။

Love AffairWhere stories live. Discover now