အပိုင်(၇)

1.7K 145 14
                                    

ပူပြင်းလှတဲ့ နေပူဒဏ်ကိုအံတုရင်း ထုံးစံအတိုင်း ဟိုလူယုတ်မာ အဝတ်အစားတွေ လက်နဲ့လျှော်နေပူထဲ ကိုယ်တိုင်ထုတ်လှန်းနေရသည်။

"ဟွန်း အကြီးကိုမရိုသေတဲ့အပြင် သူ့အဝတ်အစား အင်္ကျီအစ အတွင်းခံအဆုံးလိုက်လျော်ပေးနေရတယ် မိုးကြိုးတွေအဲ့လိုကျအတောင့်လိုက်မပစ်ဘူးလားမသိဘူး"

စိတ်ပေါက်ပေါက်နဲ့ ခွေးခြေပုလေးပေါ်တတ်ရင်း အပင်နဲ့ အဝတ်တန်းလုပ်ထားတဲ့6ပေအကျော်အဝတ်တန်းကို မမှီတမှီ လှန်းနေရသည်။

ထိုစဉ်ခြံထဲ တရွေ့ရွေ့ဝင်လာတဲ့ အနက်ရောင်ကားလေးဟာ

"Tao"

"ဟုတ်ကဲ့boss"

"ငါတို့ ဝင်ပြီးရင် အိမ်တံခါးရော အနောက်တံခါးရော အကုန်ပိတ်လိုက်"

"သ သခင်လေးကရော"

"ပေးမဝင်နဲ့"

အဝတ်လှန်းနေတာလား ခြံထဲက ကိုယ်ရံတော်တွေကို မြူစွယ်နေတာလားမသိ တီရှပ်အဖြူဝတ်ပြီး ကိုယ်နဲ့ကပ်နေအောင် ရေလောင်းပြီး ယောကျာ်းတကာ မြူစွယ်နေသလား ရှောင်ကျန့်

ရိပေါ်အတွေးတို့နဲ့အတူ စိတ်ရိုင်းတို့က တသိပ်သိပ်ဝင်လာခဲ့သည်။

..........................
ဒေါက်ဒေါက်

"ဝင်ခဲ့"

အလုပ်ကပြန်ရောက်ရောက်ခြင်းရေချိုးကာ စာကြည့်ခန်းထဲအလုပ်ဝင်လုပ်နေတာ အချိန်တော်တော်ပင်လင့်သွားသည်။

"သခင်လေး ခြံထဲမှာမေ့လဲနေလို့boss"

"ဘာ!! မိသားစုဆရာဝန်သွားခေါ်ခိုင်း Tao သူ့ကိုချီပြီးအခန်းထဲ ပို့လိုက် ငါ့လက်နဲ့ချီရမှာရွံတယ်"

အခန်းဝက Taoတစ်ယောက် တကယ်ပင်လန့်သွားသည်။
Bossအဲ့လောက် ခါးခါးသီးသီးဖြစ်တာ ပထမဆုံးအကြိမ်ဖြစ်နေတာကြောင့်

Taoတစ်ယောက် ခြံထဲက သခင်လေးကို ချီရင်း

"Bossတော့ တော်တေယ်ဆိုးလာတယ် သခင်လေး ဘယ်အချိန်ထိbossရဲ့ ဒဏ်တွေကို ခံနိုင်ပါ့မလဲ"

.....................
"အပူရှပ်သွားတာပါ နေပူဒဏ်နဲ့ ကိုယ်ခံအားနည်းနေတဲ့အချိန်ကျတော့ လဲသွားတာပါ ကျွန်တော် ဆေးထိုးပေးခဲ့မယ်သောက်ဆေးလဲပေးခဲ့မယ် သခင်လေးကို အာဟာရရှိမဲ့ အစားအစာလေးတွေရွေးပြီးကျွေးသင့်တယ်"

Love AffairHikayelerin yaşadığı yer. Şimdi keşfedin