၁၃
အချစ်က အမုန်းရဲ့အစတဲ့ ကျွန်တော်တို့ဘဝအတွက်ကတော့ အမုန်းနဲ့ပဲစပြီးအမုန်းနဲ့ပဲ အဆုံးသတ်မယ်ထင်တယ် ရှောင်ကျန့်ရေ။မှတ်မိပါသေးတယ် ခင်များစရောက်တဲ့နေ့လေးကို
ခင်များရဲ့ဖြူစင်တဲ့ပုံကို မြင်လွှာမှာဖမ်းသိမ်းထားတုန်းပါပဲ။ကို ဘာလုပ်လုပ် အပြစ်မမြင်တဲ့ ခင်များကို ပြန်လိုချင်တယ်။ဘာတွေက စပြီး ကျွန်တော့်ဘဝထဲလေကြမ်းတွေမုန်တိုင်းအဖြစ်ဆင်းသက်ကုန်တာလဲ။အဓိက ရှောင်ကျန့်ကြောင့်ပဲ။
လွန်ခဲ့သော၈နှစ်ခန့်
တဝုန်းဝုန်းရွာသွန်းနေတဲ့ မိုးသံတွေကြား အသံနှစ်သံရဲ့ ဒေါသမီးတွေတောက်လောင်နေသည်ကိုအတိုင်းသားမြင်နေရသည်။အရက်ပုလင်းတွေကြား ခေါင်းမထူတဲ့ အဖေနဲ့ ယောကျာ်းတစ်ယောက်ရဲ့ခါးကိုဖတ်ကာ မှောက်နေတဲ့အဖေ့ကိုရန်တွေ့နေတဲ့အမေ"ဝမ်ချိုးချင် ရှင်ခေါ်လာတဲ့ မယားငယ်သားကို ပြန်ပို့ရင် ကျွန်မလုပ်နေတာတွေရပ်တန်းကရပ်ပေးမယ်"
ဒေါသသံပြင်းပြင်းနဲ့ မေကြီးအသံကြောင့် ရိပေါ် အိပ်စုံမှုံဝါးဖြင့် အပေါ်ထပ်ကနေဆင်းလာခဲ့သည်။အပေါ်ထပ်တစ်ခုလုံးမှောင်နေတာကြောင့် သူဆင်းလာသည်ကိုတော့ အဖေရောမေကြီးပါမမြင်မိ။
"ရန်လျန်းရယ် ကိုယ် ရှင်းပြပါ့မယ် သူက ကိုယ်ရဲ့သား ဒါပေမဲ့ အခုထိ သားလို့ပဲသတ်မှတ်ပေးထားပါ ရန်လျန်းရာ ကိုယ်နောက်ကျရင်ရှင်းပြပါ့မယ်"
"တော်ပြီ။ရှင် ဒီကောင့်ကို အိမ်ပေါ်တင်ထားချင်ရင် ကျွန်မနဲ့ကျွန်မသား အိမ်ပေါ်ကဆင်းမယ်"
လှေကား လက်ရန်းကို ဆုပ်ကိုင်ရင်း ငိုနေမိသည်။
ကျွန်တော့်နည်းတူ ခက်နွမ်းနွမ်းအဝတ်ထုတ်ကိုပိုက်ရင်း အိမ်ပေါက်ဝက တံဆက်မြိတ်အလွန်မှာ ငိုနေတဲ့ကောင်လေးလည်းရှိသည်။
ကျွန်တော်သိပ်မုန်းတာပဲ။နေ့တိုင်း သာယာတဲ့ ညချမ်းလေးတိုင်းက အဲ့ဂြိုလ်ကောင်ကြောင့် မုန်းတယ်မုန်းတယ်။•°•°•°•°•°
"မေကြီး မေကြီးမသွားပါနဲ့"
YOU ARE READING
Love Affair
Fanfictionသူ့လောင်းရိပ်အောက်မှာ ရှင်သန်နေသ၍ အကျွန်ုပ်သည် ထိုလူသားတစ်ဦးသာ ပိုင်ဆိုင်သည်။........... Wang YiBo /Xiao Zhan. UNIO/XNINE. Fanfiction. Boy Love Fiction. Rate M Zone!