လိမ်ညာခြင်း အစုံကို မင်းခွင့်လွှတ်ပေးနိုင်ဖို့ မျှော်လင့်ကာ
အသက်ဆက်ရှင်ဖြစ်မယ်။•°•°•°•°•°•°
အနက်ရောင်အသွင်နဲ့ ကော်ဖီခွက်လေးအား သယ်ရင်း လှေကားတစ်လျှောက်တတ်လာရင်း စာကြည့်ခန်းအားဝင်လာခဲ့သည်။
ခရီးသွားဖို့ ပြင်ဆင်နေကြတဲ့အလုပ်သမားတွေကိုကြည့်ကာ စိတ်ထဲတော့အလိုလိုပြုံးမိသည်။"ဘာလိုလိုနဲ့ နောက်တစ်နှစ်တောင်ရောက်တော့မှာပါလား"
အတွေးလေးနဲ့အတူ ဒီနှစ်တော့ နှစ်သစ်ကူးနေ့ဟာ ပျင်းခြောက်ခြောက်နဲ့ အထီးကျန်တော့မည်။"သခင်လေး ရွာကလက်ဆောင်ယူခဲ့မယ်။ဘာဝယ်ခဲ့ရမလဲ ရွာက စားချင်တာရှိရင် ဖုန်းဆက်ပြီးမှာနော်"
ကြီးချန်က လှေကားကနေ တတ်လာပြီးလက်နှစ်ဖက်ကိုဆုပ်ကိုင်ကာပြောလာခဲ့သည်။
အသက်ကြီးလို့ ပါးရည်လေးနည်းနည်းတွန့်နေပေမယ့် ဒီနေ့တော့ မိတ်ကပ်ပါးပါးလေးနဲ့ နှုတ်ခမ်းနီရေးရေးလေးက ကြီးချန်ကို အသက်တစ်နှစ်ငယ်အောင် အလှဆင်ပေးနေသည်။"စတော်ဘယ်ရီသီးလေး ဝယ်ခဲ့ပေးပါ။ခြံထွက်ဆိုတော့ ကျန်းမာရေးလည်းသင့်တော်ပြီး ချိုမယ်ထင်တယ်"
လွန်ခဲ့တဲ့ နှစ်တွေအနည်းငယ်ကလို မိုးရေထဲအဖေနဲ့စစတွေ့တုန်းက စားခဲ့ရတဲ့ စတော်ဘယ်ရီသီးလေးရဲ့အရသာကိုတော့ မှီမယ်မထင်မိ။
"ကြီးချန် ဖြစ်နိုင်ရင်မသွားချင်ဘူး ဒါပေမဲ့ သခင်ကြီးက သွားဆိုသွားရမှာမို့လို့ တစ်ခုခုဆို ဖုန်းဆက် ချက်ချင်းပြန်ခဲ့မယ်သိလား။ ဒီအိမ်ကြီးထဲ သခင်လေးတစ်ယောက်တည်းကျန်ခဲ့မှာဆိုတော့ သွားရမယ့် ခရီးတောင်စိတ်မဖြောင့်ပါဘူးကွယ်"
ပြောဆိုရင်း မျက်ရည်ဝိုင်းလာတဲ့ ကြီးချန်အား ကော်ဖီခွက်ကိုအသာမြောက်ကာ ကျန်သောလက်တစ်ဖက်နှင့် ပွေ့ဖတ်လိုက်သည်။
"ကြီးချန် အားလပ်ရက် ကောင်းကောင်းအနားယူ ပြီးရင်အမြန်သာပြန်ခဲ့ ပျင်းတော့ပျင်းမှာပါပဲ။ဒါပေမဲ့ ရိပေါ်လည်း အိမ်မှာရှိမှာပဲ ဘာမှစိတ်မပူပါနဲ့။"
"ဒင်းရှိနေလို့ကိုပူရတာ ဘယ်အချိန်ထနှိပ်စက်မလဲ တွေးပူနေရတာ ကြီးချန်တစ်ခုမှာခဲ့မယ် ရဲစခန်းဖုန်းနံပါတ်တော့အလွတ်ရအောင်လုပ် တစ်ခုခုဆို ရဲကိုခေါ် မဟုတ်လည်း တွေ့ရာပစ္စည်းနဲ့ကာကွယ်နော်"

ESTÁS LEYENDO
Love Affair
Fanficသူ့လောင်းရိပ်အောက်မှာ ရှင်သန်နေသ၍ အကျွန်ုပ်သည် ထိုလူသားတစ်ဦးသာ ပိုင်ဆိုင်သည်။........... Wang YiBo /Xiao Zhan. UNIO/XNINE. Fanfiction. Boy Love Fiction. Rate M Zone!