Part 15

8K 448 2
                                    

Zawgyi

Park Chanyeol တို့အိမ်ကို hun က အရင်သွား
နှင့်ပြီး သူကအနောက်ကလိုက်ခဲ့သည်....
သူအိမ်ကြီးရဲ့အပေါ်မရောက်မှီ hun အော်သံကြောင့်
ပြေးတက်လိုက်တော့ ကြားလိုက်ရတဲ့စကားတွေက
တစ်ကယ့်ကို ဒေါသထွက်စရာပင်....

မှတ်ဥာဏ်ထိခိုက်မှုရှိထားတဲ့ ကလေးကို အချစ်ဟူသော
ခေါင်းစဉ်တပ်ကာ လှည့်ကွက်တွေ
သုံးပြီး လိင်ပိုင်းဆိုင်ရာ မှာအသုံးချတဲ့အပြင်....
ကောင်လေးရဲ့ ဆန္ဒသဘောကို နည်းနည်းမှထဲ့မတွက်ပဲ
သူ့ရဲ့ ရင်သွေးကိုလွယ်ခိုင်းဦးမယ်တဲ့....
တော်တော် အတ္တကြီးတဲ့သူပဲ အကယ်၍ hyuneeလေးသာ
နေပြန်ကောင်းသွားပြီး...ဒီ Chanyeol ဆိုတဲ့လူရဲ့
ကလေးကိုလွယ်ထားရရင် သူဘယ်လောက်..စိတ်ထိခိုက်
လိုက်မလဲ.....

"ကျွန်တော်ခွင့်မပြုနိုင်ဘူး Park Chanyeol shi"

"လေးငယ်"

"ကိုကို"

သူ့ဆီပြေးလာဖက်တဲ့ hyunee လေးကိုပြန်ဖက်လိုက်ရင်း
အကြည့်စူစူးတို့နဲ့ Park Chanyeol အားကြည့်လိုက်သည်

"ခဗျားက ကျွန်တော့်ကိုအမိန့်ပေးနေတာလား..."

"ထင်ချင်သလိုထင်နိုင်တယ် ဒါပေမဲ့ Chanyeolသိထားရမှာက
အခုချိန်မှာ Baekhyun လေးရဲ့အုပ်ထိန်းခွင့်က
ဘယ်သူမှာမှရှိမနေဘူးနော်....သူသာ ဆန္ဒရှိရင် ကျွန်တော်
ခေါ်သွားလို့ရတယ်...."

"ဟက်...လုပ်လို့ရရင်လုပ်ကြည့်လေ
ငယ့်ကိုအစကတည်းက ကျွန်တော့်ပိုင်ပြီးသား..."

တင်းမာနေတဲ့အခြေအနေကြောင့်...
Sehun တစ်ယောက် ဝင်ပါရတော့သည်

"ဟို....Chanyeol ah ကလေးကို ကုထုံးလုပ်ဖို့
စကြမယ်လေ...."
.
.
.
.
မှောက်မိုက်နေသော ပိတ်ကားထက်သို့ အလင်းရောင်တစ်ခု
ဖြာကျလာသည်...ထို့အလင်းရောင်ထက်ဝယ် ပေါ်လာသော
မိသားစုတစ်စုဟာ ရယ်မောနေကြသည်မှာ...ပျော်ရွှင်စရာ
ကောင်းနေသည်......

"hyunee လေး ကိုကို့ ကို လိုက်ဖမ်း"

"ကိုကို့ သားကို စောင့်အုံး...."

"Minho ရေ hyunee လေးချော်လဲမယ်နော်"

ပန်းခြံရဲ့ ခုံလေးတွင်ထိုင်နေသောလင်မယားနှစ်ယောက်မှာ
သူတို့သားနှစ်ယောက်ဆော့ ကစားနေတာကိုကြည့်ရင်း
ပျော်ရွှင် နေကြသည်....

My Cute babyWhere stories live. Discover now