Zawgyi
Park Chanyeol တို့အိမ်ကပြန်ရောက်ပြီး
hyunee လေးအတွက်စိတ်ထဲမကောင်းဖြစ်နေမိသည်
မိသားစုကလည်း မရှိတော့တာမို့ ထို့ကလေး ဘယ်လောက်
အားငယ်နေရှာမလဲ...သူသိတာပေါ့အဲ့ဒီ့ခံစားချက်.....သူအရင်က hyunee လေးကိုမတွေ့မိဘူး
သူပြောင်းလာတာ သိပ်မကြာသေးလို့ထင်တယ်....
ဒါမှမဟုတ် Park Chanyeol ဖွက်ထားတာလဲ
ဖြစ်နိုင်တယ်...."လေးငယ် ဘာတွေတွေးနေတာလဲ...."
စကားလည်းပြောရင်း သူ့ခါးကိုသိုင်းဖက်လာတဲ့လက်တစ်စုံ
အပြင်ဘက်လှည့်ထားသော ပြတင်းပေါက် မှာသူမတ်တက်
ရပ်နေတာကြောင့် သူ့ထက်အရပ်ရှည်တဲ့ hun က
အုပ်မိုးသလိုဖြစ်နေသည်"hyunee လေးအကြောင်း..."
"အင်း...သူကသနားဖို့ကောင်းတယ်....
ဒါပေမဲ့ Park Chanyeol အနားမှာဆို သူပျော်မှာပါ"စကားအဆုံးသတ်ကို သူ့ရဲ့နားနားမှာကပ်ပြောပြီး
လည်တိုင်ကို နမ်းလိုက်သည်...."sehun ah မင်းအရင်ကထက်လက်ရဲဇက်ရဲ
နိုင်လာတယ်နော်....""အင်း...ကျွန်တော်ဒီ့ထက်တောင်ပိုလုပ်နိုင်သေးတယ်..
လေးငယ်မနှစ်သက်မှာစိုးလို့...."ကျွန်တော် hun ဖက်ထားတဲ့လက်နှစ်ဖက်ကိုဖယ်ပြီး
သူ့ရင်ခွင်ထဲကနေထွက်လိုက်သည်...."ကြက်ဥထက်မင်းလိပ်လုပ်ထားတယ်ဆို..ငါဗိုက်ဆာနေပြီ"
"လေးငယ် စားမယ်ဆိုကျွန်တော်ပြန်နွေးလိုက်ဦးမယ်..."
မီးဖိုခန်းဖက်ပြေးထွက်သွားသော hun ကိုကြည့်ရင်း
ကျွန်တော် သက်ပြင်းချမိသည်...
....hun မင်းသာ ငါ့ကိုမချစ်မိရင် သိပ်ကောင်းမှာပဲ....————————–————————
"ဦး...."
"ငယ် နိုးပြီလား"
"အွန်း...."
မျက်လုံးလေး ကိုလက်နှစ်ဖက်နဲ့ပွတ်နေပြီး အသံကိုဆွဲကာ
ပြောနေသော ငယ့်ပုံစံမှာ ကလေးပေါက်စလေးလိုပင်......ဒီအတိုင်းလေးပဲ နေသွားချင်လိုက်တာငယ်ရယ်.....
အကယ်၍ငယ်သာအတိတ်ကိုပြန်မှတ်မိပြီး..သူ့ကိုထားသွား
မှာလား...မဟုတ်ဘူး...ငယ်သူ့ကို
အဲ့လိုမလုပ်လောက်ဘူး.....ငယ်သူ့ကိုထားသွားမှာမဟုတ်ဘူး...
မရေရာမသေခြာသော အနာဂတ်မှာ ငယ့်ကိုသူ့အနားမှာ
ရှိနေစေရန် သူ့မှာလုပ်စရာ တစ်ခုထဲသာရှိသည်...

YOU ARE READING
My Cute baby
FanfictionPark Chanyeol "ငယ်လေးက ကိုယ့်အပိုင်ပဲ " Baekhyun "သားက ဦးကိုပဲချစ်တာ " Sehun "Park Chanyeol မင်းအတ္တသိပ် ကြီးလွန်းတယ် ဦးနှောက်ကပုံမှန်အလုပ်မလုပ်တဲ့က ...