Zawgyi
မနေ့ညကသူ့ကို လှည့်စားပြီး Park Chanyeol ကို
ကူညီခဲ့တဲ့ Sehun ကို luhanမကျေနပ်ပါ....
ဒါ့ထက်မကျေနပ်သူက Chanyeol
ထို့လူ က Baekhyun ကို
အရမ်းချစ်တယ်လို့သာပြောနေသာ
သူ့ရဲ့အရှုပ်မတွေက အခုပေါ်လာပြီလေ...လောလောဆယ်တော့ hyunee လေးရဲ့တောင်းဆိုချက်
ကြောင့်သူဘားမှမပြောသေးပေမဲ့
တစ်ချိန်ချိန်မှာသာ hyuneeလေး
ကိုထိခိုက်လာမယ်ဆိုလျှင် သူငြိမ်ခံနေမည်မဟုတ်
Park Chanyeol လက်ထဲကနေ
hyunee လေးကိုမရရအောင် ဆွဲထုတ်ပြစ်မည်
ဖြစ်သည်။"တင်းတောင် တင်းတောင်..."
အိမ်ရှေ့က bell သံကြောင့်သူခြံတံခါးဖွင့်တဲ့
ခလုပ်နှိပ်ပြီးဖွင့်လိုက်သည်။"Luhan..."
ခါတိုင်းလို လေးငယ်လို့မခေါ်တော့ဘဲ
နာမည်တက်ခေါ်လာတာကြောင့် sehun သောက်လာ
သည်ဆိုတာခန့်မှန်းမိသည်။"Luhan....Xiao Luhan...."
"ဘယ်လိုဖြစ်လို့ အော်ကြီးဟစ်ကျယ်ဖြစ်နေတာလဲ
သောက်လာတယ်ဆိုလဲ အေးဆေးနေ...""ခဗျားကျွန်တော့်ကို စိတ်ကောက်နေတာလား"
"မိန်းမလို မိန်းမရအလုပ်ကိုငါလုပ်မယ်ထင်နေလား"
"ခဗျားက မိန်းမ မဟုတ်ပါဘူး...
ယောကျာ်းဆိုတာ ကျွန်တော်သိတယ်...
ဒါပေမဲ့ အရမ်းလှတဲ့ ယောကျာ်း...."ပြောပြောဆိုဆိုနဲ့ သူ့ကိုလာဖက်တဲ့ sehun ကို
တွန်းလိုက်သည်...."အိပ်တော့မယ်..."
"ခဏနေအုံး"
Luhan လက်ကို သူလှမ်းဆွဲရင်း
ရင်ခွင်ထဲထည့်ပြီး ဖက်လိုက်သည်။
ဒါပေမဲ့ ထုံးစံအတိုင်း luhan ရှုန်းနေသောကြောင့်
သူ့လက်တွေကို ပိုမိုတင်းကျပ်နေအောင်ဖက်ထားလိုက်သည်။"ဖယ် လွှတ်...sehun..ငါ့ကို မဖက်နဲ့"
"ဘာလို့လဲ...ဟင်...
ကျွန်တော့်မှာဘာလို့ ခဗျားကို ဒီလိုလေးဖက်ခွင့်တောင်မရှိ
ရတာလဲ...Chanyeol တို့တောင်အဆင်ပြေသွားပြီ""မင်း အရူးထမနေနဲ့...."
"အဘိုးက ကျွန်တော်တို့ကို အမြန်နီးစပ်စေချင်နေပြီ
ခဗျားက ခုထိအဆင်သင့်မဖြစ်သေးဘူးလား...ဟင်
ကျွန်တော်ဘယ်အချိန်ထိစောင့်ရအုံးမှာလည်းခဗျားရယ်"
YOU ARE READING
My Cute baby
FanfictionPark Chanyeol "ငယ်လေးက ကိုယ့်အပိုင်ပဲ " Baekhyun "သားက ဦးကိုပဲချစ်တာ " Sehun "Park Chanyeol မင်းအတ္တသိပ် ကြီးလွန်းတယ် ဦးနှောက်ကပုံမှန်အလုပ်မလုပ်တဲ့က ...