ငယ့် ကိုစိတ်မချဘူးဆိုတဲ့ အကြောင်းပြချက်ကို အရင်းပြုပြီး
Luhan နဲ့ Sehun တို့ နှစ်ယောက် Chanyeol
တို့အိမ်မှာပဲ သောင်တင်နေကြသည်........အသားစားကျားဖြစ်တဲ့ Chanyeol ကိုအနီးကပ်
စောင့်ကြည့်မယ်ဆိုပြီး သူနဲ့ငယ့်ရဲ့ ဘေးချင်းကပ်ရပ်အခန်းမှာ
နေလေသည်(အရင်တုန်းက hyunee လေးနေတဲ့အခန်း)
Sehunကိုတော့ အကျင့်ယုတ်စွာဖြင့် များစွာသောအခန်းများ
ကျန်ရှိနေသည်ကို မပေးဘဲ မသိချင်ယောင်ဆောင်ကာ
Luhan နဲ့တစ်ခန်းထဲနေစေလိုက်သည်......သူ့တို့နှစ်ယောက်လုံး အိမ်ပေါ်ရောက်နေသည်က
သူ့ရဲ့အကြံအစီကို အကောင်အထည်ဖော်နိုင်ဖို့
ခက်ခဲ သွားစေသော်လည်း
သူကုမ္ပဏီ သွားနေတဲ့အချိန် ငယ့်ကိုဂရုစိုက်ပေးဖို့
ယုံကြည်ရတဲ့သူတွေကိုသူရလိုက်သည်.......
ဒါပေမဲ့ သူ့ရဲ့အကြံအစီကတော့ ပျက်မသွားခဲ့ပေ......ငယ့်ကျမ်းမာရေးကလည်းsehunရဲ့အနီးကပ်ကုသမှုကြောင့်
အတိတ်ကို တဖြည်းဖြည်း ပြန်မှတ်မိသလိုရှိလာခဲ့သည်
တစ်ခါတစ်လေ အိမ်မက်ဆိုးတွေမက်ပြီး ချွေးတွေရွဲနစ်ကာ
နိုးလာပြီး သူ့ကို တင်းကျပ်နေအောင်ဖက်ထားတတ်သည်
တစ်ခါတစ်လေဆို တစ်ယောက်ထဲစကားပြောနေတတ်သည်
အဆိုးဆုံးကတော့ ငယ်ကအရင်လိုသူ့ကိုသိပ်မကပ်တော့ဘူး
တစ်ခါတစ်လေ သူ့ကို တစိမ်း လိုမျိုးကြည့်နေတတ်သေးသည်
ငယ်ဒီလိုဆက်ဆံပြီဆို သူအရမ်း ကြောက်မိသည်......
အကြောက်ဆုံးကတော့ ငယ်သူ့ကိုမုန်းသွားမှာကိုပင်....."ဦး..."
"ဟင်...ငယ်လေး ဘာပြောမလို့လဲ..."
လသာဆောင်မှာဝိုင်သောက်နေတုန်း ငယ့်ခေါ်သံလေးကြောင့်
ငယ့်ကိုသူလှည့်ကြည်လိုက်တော့သူနဲ့ဆင်တူ ညအိပ်ဝတ်စုံ
ကြက်သွေးရောင်လေးကို ဝတ်ဆင်ထားတဲ့ ငယ်လေဟာ
မီးရောင်တွေကြားမှာအရမ်းလှနေသည်......"သားက ဦးပျောက်သွားလို့ လိုက်ရှာနေတာ...."
"sorry ကိုယ် ဒီနေ့ တွေးစရာလေးနည်းနည်းရှိလို့..."
စကားပြောရင်းအနားရောက်လာတဲ့ငယ့်ကို
ပေါင်ပေါ်ဆွဲတင်းရင်း ဖြူဥနေတဲ့ လည်တိုင်လေးကို
နမ်းရှိုက်ပြီး....မျက်နှာအပ်ထားလိုက်သည်
YOU ARE READING
My Cute baby
FanficPark Chanyeol "ငယ်လေးက ကိုယ့်အပိုင်ပဲ " Baekhyun "သားက ဦးကိုပဲချစ်တာ " Sehun "Park Chanyeol မင်းအတ္တသိပ် ကြီးလွန်းတယ် ဦးနှောက်ကပုံမှန်အလုပ်မလုပ်တဲ့က ...