Zawgyi
Luhan အိမ်ထဲကိုခြေချလိုက်တာနဲ့
အရက်ဆိုင်ရောက်သွားသလိုခံစားရပြီး ခပ်စူးစူးအနံတွေက
နှာခေါင်းထဲတိုးဝင်လာသည်။
ဘီယာဘူးအခွံတွေကလည်း ဧည့်ခန်းထဲမှာတောင်လိုပုံနေပြီး
ရေသန့်ဘူးအခွံတွေကလည်း ပြန့်ကျဲနေသည်
တစ်ချို့ဘီယာဗူးတွေဆို တွန့်လိမ်နေပြီး
အသင့်စား မုန့်တွေကလည်း ဟိုတစ်ဝက်ဒီတစ်ဝက်နှင့်
ပုရွက်စိတ်တွေ တတ်လျှက်....
ဆိုဖာပ်ါမှာလည်း ခြေအိပ်တစ်ဖက်ကတင်လျှက်ရှိပြီး
နောက်တစ်ဖက်ကတော့ ထို့ဧည့်ခန်းထဲမှာတင်မှောက်လျှက်
သေနေသော Oh Sehun မသာကောင် ရဲ့
ခြေထောက်မှာဝတ်ထားစဲပင်...."ငါ တစ်ပတ် အိမ်မှာမရှိတာနဲ့
တစ်အိမ်လုံး ကမ္ဘာပျက်နေတာပဲ....""ရား...Oh Sehun ထစမ်း..."
Luhan က အိပ်နေတဲ့ Sehun ရဲ့တင်ပါးကို
ခြေထောက်နဲ့ကန်နိုးတော့ အရက်သမားပီပီ
တအင်းတအဲအဲ နဲ့ပြန်အိပ်သွားသည်။"ငါ စိတ်ညစ်တယ် ဒီကောင်နဲ့....
အိမ်ကလည်း ရှုပ်ပွနေတာပဲ....
ခရီးကပြန်လာပြီး နားရမယ်မရှိဘူး..."Luhan က ထုံးစံအတိုင်းပွစိပွစိနဲ့
တစ်အိမ်လုံးကို စရှင်းသည်...
သူပေကျင်းသွားတဲ့ တောက်လျှောက် sehun ဆီကို
ဖုန်းလုံးဝမဆက်ခဲ့ sehun ဆက်ရင်လည်း
စက်ပိတ်တာပဲဖြစ်ဖြစ် ဖုန်းချတာပဲဖြစ်ဖြစ်လုပ်ပြစ်လိုက်သည်
Luhan ကပေကျင်း ရောက်တုန်း
လွတ်လွတ်လပ်လပ်နေချင်တာကြောင့်
Sehun ကို လျစ်လျူရှုထားခြင်းဖြစ်သည်။
ဒါပေမဲ့ hyunee လေးကိုတော့ သူအဆက်အသွယ်
အမြဲလုပ်သည်...
သူက ညီလေးတစ်ယောက်လောက်
လိုချင်သူမို့ hyunee လေးကိုတွယ်တာနေပြီလေ...
ပြီးတော့ hyunee လေးက ကလေးနဲ့ပတ်သတ်ပြီး
psycho ဝင်နေသည်။
နေမကောင်းတာပဲဖြစ်ဖြစ် ထမင်းစားလို့မကောင်းတာပဲ
ဖြစ်ဖြစ် ကိုယ်ဝန်ရှိနေပြီဟုထင်နေတတ်ပြီး
မဟုတ်ဘူးဆိုလျှင် ငြိမ်ကုတ်ကာ
ကလေးအခန်းထဲသွားထိုင်နေတတ်သည်။
hyunee လေးအဲ့လိုဖြစ်နေတော့ နှစ်ဆနာကျင်ရသူမှာ
Chanyeol ဖြစ်သည်။
hyunee ဆေးရုံဆင်းပြီး တစ်လလောက်မှ
သူ အဖေ့နှစ်ပတ်လည်အတွက် ပေကျင်းသို့သွားခဲ့သည်။
ပေကျင်းမှာ တစ်လလောက် နေလိုက်ချင်ပေမဲ့
ထို့ကလေးကို သူစိတ်မချလို့ တစ်ပတ်နှင့်သာပြန်လာခဲ့သည်။
YOU ARE READING
My Cute baby
FanfictionPark Chanyeol "ငယ်လေးက ကိုယ့်အပိုင်ပဲ " Baekhyun "သားက ဦးကိုပဲချစ်တာ " Sehun "Park Chanyeol မင်းအတ္တသိပ် ကြီးလွန်းတယ် ဦးနှောက်ကပုံမှန်အလုပ်မလုပ်တဲ့က ...