Zawgyi
ငယ့်အတွက်ညစာလုပ်ပြီး...အပေါ်တက်၍..ငယ့်ကိုနိုးဖို့
အိပ်ခန်းထဲအဝင်....ကုတင်ပေါ်၌ မရှိသောငယ့်ကြောင့်
လူ ကပူထူသွားသည်.....
တစ်အိမ်လုံးရှာကြည့်သော်လည်း အပ်ကျသံပင်မကြားသော
ကြောင့်..သူ့ရဲ့ရင်တွေ အတိုင်းအစမရှိပူနေရသည်....
မနက်ပိုင်းက ဒေါသထွက်နေတာကြောင့် အလုပ်သမားတွေ
အကုန်အိမ်ပြန်ခိုင်းလိုက်တာဖြစ်ပြီး...အိမ်ကြီးတစ်ခုလုံး
တိတ်ဆိတ်နေသည်....
တစ်အိမ်လုံးမှာရှာမတွေ့တာမို့..ခြံထဲဆင်းရှာဖို့အထွက်...
ခြံအပြင်မှာ ထိုင်နေသည့် လူတစ်ယောက် နှင့် ထို့လူအား
ပြေးဖက်လိုက်သည့်ငယ့်ကိုတွေ့လိုက်ရသည်....
မျက်ဝန်းထဲကမြင်လိုက်ရသည့်မြင်ကွင်းကြောင့်...လူက
ဒေါသထွက်လာရပြီး...ငယ့်အား...အော်ခေါ်လိုက်သည်...
ထပ်ပြီး...ကျွန်တော်အော်သံနဲ့အတူ အပြိုင်ထွက်လာသော
Oh Sehun အသံလည်းကြားလိုက်ရသည်...."Luhan..."
"ငယ်...!!!"
ကျွန်တော်အော်ခေါ်လိုက်တော့ခေါင်းလေးစောင်းပြီးကြည့်လာ
တဲ့ ငယ်လေး..."ဦး...ကိုကို ကသားဆီလာတယ်..."
ငယ်ကကြည့်ရတာ သူ့အရှေ့ကလူကိုMinhoလို့
ထင်နေပုံရသည်...ထို့လူအားကျွန်တော်သေခြာကြည့်လိုက်
တော့...Minho မျကနှဲာနဲ့တော့မတူပေမဲ့
သေးသွယ်တဲ့ခန္တာကိုယ်နဲ့ မရှည်တဲ့အရပ်ကြောင့်
Minho နဲ့ဆင်သလိုလိုတော့ရှိသည်....."ဟင်....ငါမင်းအကိုမဟုတ်ဘူး....ကောင်လေး..."
"ကိုကို မညာနဲ့..သားကိုလည်းထပ်ပြီးမထားသွားပါနဲ့..."
"ဘာတွေဖြစ်နေတာလဲ လေးငယ်...
သူက လေးငယ်နဲ့ သိနေတာလား...."ဖြစ်နေတဲ့အခြေအနေတွေကို ဘားမှမသိတဲ့ Oh Sehun
ကဝင်မေးတော့..."ငါသူ့ကိုမသိဘူး hun..."
"ငယ်...ထ သူက ငယ့်အကိုမဟုတ်ဘူး..ဦးတို့အထဲပြန်ဝင်
မယ်နော်ငယ့်..""ဟင့်အင်း သား မဝင်ချင်ဘူး...ကိုကိုနဲ့ပဲနေမှာ.."
"ဒီက...ကျေးဇူးပြုပြီး..ကျွန်တော့ရဲ့အိမ်ထဲကို..
ခဏလိုက်ခဲ့ပေးလို့ရမလား...."
YOU ARE READING
My Cute baby
FanfictionPark Chanyeol "ငယ်လေးက ကိုယ့်အပိုင်ပဲ " Baekhyun "သားက ဦးကိုပဲချစ်တာ " Sehun "Park Chanyeol မင်းအတ္တသိပ် ကြီးလွန်းတယ် ဦးနှောက်ကပုံမှန်အလုပ်မလုပ်တဲ့က ...