Part 14

7.7K 427 7
                                    

Zawgyi

ဂျပန်စားသောက်ဆိုင်လေးတစ်ခု၏ သီးသန့် အခန်းထဲတွင်
တိတ်ဆိတ်စွာထိုင်နေကြသော လူသုံးဦး...

"ဒီအတောအတွင်း  အဆင်ပြေရဲ့လား သားလေး"

"ဟုတ်ကဲ့ပြေပါတယ်"

ရေကိုမော့သောက်ရင်း သူ အေးစက်စွာ ဖြေလိုက်သည်

"Luhan ရော အိမ်အသစ်မှာ အဆင်ပြေလား
နောက်နေ့ arjumar ကို လွှတ်ပေးရမလား..."

"ရတယ် အကိုကြီး ကျွန်တော့်မှာက အိမ်အလုပ်ပဲလုပ်စရာရှိ
တော့တာလေ.."

မျက်နှာမကောင်းဖြစ်သွားတဲ့အကိုကြီးက ကျွန်တော့်ကို
အားနာစွာလှမ်းကြည့်သည်....
ဘာတတ်နိုင်မှာလဲ အကိုကြီးရယ် ကျွန်တော်က hun ရဲ့
ရုပ်သေးရုပ်တစ်ရုပ်ပဲ ဟာကို...

"လေးငယ် ဒါလေးစားကြည့် အဲ့တာကောင်းတယ် "

ကျွန်တော့် ပန်းကန်ထဲ သို့ tamagoyaki တစ်တုံး
တူနဲ့ ညှပ်ပြီး hun လာထည့်သည်...

"အော် အင်း..ကျေးဇူး..."

"သား မနက်ဖြန် အဖေတို့ဆေးရုံကိုလာမှာဆို
အဖေတောင် သားလာမယ်ဆိုလို့ အဖေကိုယ်တိုင် သားနေမဲ့
ရုံးခန်းကို ပြင်ဆင်နေတာ သားသဘောကျပါ့မလားမသ်ဘူး"

"ကျွန်တော်သဘောကျလောက်မှာပါ....
Arr....ပြီးတော့ ကျွန်တော့်ကို မနက်ဖြန်ခွင့်တစ်ရက်
လောက် ထပ်ပေးပါဦး"

"ရတာပေါ့ သားရဲ့ နောက်ဆိုဒီဆေးရုံက သားကိုလွဲပေးရမဲ့
ဟာကို သားအဆင်ပြေသလိုသာလုပ်ပါ "

"အင်း"

"သားမှတ်မိလား ဒီဆိုင်လေးက အဖေတို့အမြဲလာစားနေကြနော်..."

"အင်း"

"သား စားလေ sushi vinegar က သားကြိုက်တယ်
မလား"

"တော်ပြီ ကျွန်တော်အိမ်မှာ ညစာစားလာလို့"

အေးစက်တဲ့ သူ့အဖြေကြောင့် အဖေ့ရဲ့မျက်နှာပေါ်က
ဝမ်းနည်းတဲ့ ပုံရိပ် တွေကို သူတွေ့နေရသည်....

ကျွန်တော် ဒီ့ထက်ပိုပြီး နွေးထွေး စွာမပြောတတ်ဘူးအဖေ
အလယ်တန်းကျောင်းသားပဲရှိသေးတဲ့ ကျွန်တော့ကို
ထားသွားပြီး lee So Min ဆိုတဲ့မိန်းမနဲ့ထွက်သွား
တုန်းက ကျွန်တော်ဘယ်လိုဖြစ်နေလဲ ဆိုတာကို
အဖေ တစ်ချက်လေးတောင် လှည့်မကြည့်ခဲ့ဘူးလေ....

My Cute babyWhere stories live. Discover now