Zawgyi
Baekhyun တစ်ယောက် တစ်မနက်လုံး ဘားမှမစား
ချင်ဖြစ်နေသည် ။နှာခေါင်းထဲ ဟင်းနံ့ရောက်လာပြီဆိုလည်း
အန်သည်....။အစာမရှိပဲ အန်နေတာကြောင့်
ဗိုက်ထဲက လေ အပြင်ဘားမှထွက်မလာ....
အလုပ်သမားများကလဲ
Baekhyun ဘားမှမစားပဲ အန်နေတာကြောင့်
တစ်အိမ်လုံးပြာယာခက်နေကြသည်။သူ့ရဲ့ခေါင်းတစ်ခုလုံးလဲ မှုးနောက်နေပြီး
အားမရှိသလိုခံစားနေရတာကြောင့်
အိပ်ယာထဲမှာပဲပြန်ခွေနေလိုက်သည်....."hyunee...ကိုကိုဝင်လာမယ်နော်..."
အပြင်ဘက်ကကြားလိုက်ရတဲ့ ကိုကိုအသံကြောင့်
သူပြုံးလိုက်သည်...."ဝင်လာခဲ့လေ ကိုကို"
အစိန်းနုရောင် hoddie လေးနဲ့ကိုကိုက
အရမ်းချစ်ဖို့ကောင်းနေသည်။ဒါနဲ့စကားမစပ်
ကိုကိုသူ့ဆီကို မလာတာသုံးရက်ရှိနေပြီလေ...."ကိုကိုများ hyunee ဆီတောင်မလာဘူး
hyunee က ကိုကို့ကိုလွမ်းနေတာ...""ကိုကို မလာရင် hyunee လာပေါ့.."
"hyunee မှလာလို့မရတာ
ဦးကအပြင်ကိုမထွက်ခိုင်းဘူးလေ.....
အာ့ကြောင့် ဦးလေးဂင်ကို ကိုကို့ကိုသွားခေါ်ပေးဖို့
ပြောတော့လည်း doctor sehun က
ကိုကို ခါးနာနေလို့ မထနိုင်ဘူးလို့ပြောတယ်...""အာ...အင်း..😳
ဟုတ်တယ်ရယ် ကိုကို ချော်လဲလို့
ခါးနာနေတာ..ဟင်း ဟင်း"Luhan တစ်ယောက် စိတ်ထဲကနေ
Sehun ကိုသာ ကျိမ်စဲလိုက်သည်..."ဒါနဲ့ hyunee နေမကောင်းဘူးဆို"
"ကောင်းပါတယ် ကိုကိုရဲ့
ကျွန်တော် ထမင်းမစားချင်ယုံပါ...""အန်သေးတယ်ဆို"
"ဟုတ်...."
"hyunee ဘယ်ဘက်လက်ပေး"
Luhan တစ်ယောက် hyunee ရဲ့ဘယ်ဘက်
လက်ကောက်ဝတ်သွေးကြော အားစမ်းလိုက်သည်
လှုတ်ခပ်နေသောပင်မသွေးခုန်နှုန်းနဲ့အတူ
အပြိုင်လှုပ်နေသော နောက်ထပ်သွေးကြောတစ်ခု....
သူဘာလို့ဒီလိုစမ်းတက်လည်းလာမမေးနဲ့
သူ့ကိုမွေးစားထားတဲ့ Oh မျိုးနွယ်တစ်ခုလုံးက
ဆရာဝန်တွေကြီးပဲ သူသာ IT သမားဖြစ်နေတာ....
YOU ARE READING
My Cute baby
FanfikcePark Chanyeol "ငယ်လေးက ကိုယ့်အပိုင်ပဲ " Baekhyun "သားက ဦးကိုပဲချစ်တာ " Sehun "Park Chanyeol မင်းအတ္တသိပ် ကြီးလွန်းတယ် ဦးနှောက်ကပုံမှန်အလုပ်မလုပ်တဲ့က ...