Xiaozhan
Wang Yibo
Unicode
ဘဝတစ်လျှောက်လုံး ဒီကလေးသာ ကိုယ့်ကို နှောင့်ယှက်မယ်မှန်းသိရင်လေ အသက်ဆယ့်တစ်နှစ် အရွယ်ထဲက ဒီ ငါးနှစ်ကလေး အရှုပ်ထုပ်ကို ထိန်းရမယ့် တာဝန်ကို မယူခဲ့ဘူး..အခုတော့ ဒင်းကြောင့် ကိုယ့်မှာ အသက်ရွယ်ငယ်ငယ်နဲ့ ကလေးအဖေကြီးကျနေတာပါပဲဗျာ..ဒင်းမွှေသမျှ ပြသနာတွေကို လိုက်ရှင်းရ..ရှုပ်ထားတာတွေရှင်းပေးရ..ကိုယ့်ဘဝကြီးမှာ ရည်းစားထားတာတောင်တစ်ပတ်ပြည့်အောင် တစ်ယောက်မှ မတွဲရဘူးဗျာ..ကိုယ်တွဲသမျှ ကောင်မလေး တိုင်း ဒင်းရှုပ်လို့ ပျက်ရတာ အယောက်ပေါင်းမနည်း..ဒင်းကြောင့် ကိုယ့်မှာ ဘာမှ မလုပ်ပဲ မိန်းကလေးတွေကြား Playboy ပါဆိုပြီး နာမည်ကြီးသေး..ဒင်းကတော့ မွှေဆဲမွှေမြဲပဲ ကျွန်တော့်ဘဝထဲမှာ..ကျွန်တော်စိတ်ဆိုးလို့ ဆူဆဲလဲ ဒင်းက ခံတာပဲ..ပြောတာ လွန်သွားရင် မျက်ရည်လေးဝဲပြီး သနားခံတက်သေး..လုပ်ချင်တာ လုပ်ပြီးသွားရင်လဲ သွားသုံးဆယ့်နှစ်ချောင်းလုံးပေါ်အောင်ပြုံးပြီး အလှဆုံး ဖြီးပြ တော့နောက်ဆုံး တော့ ကိုယ့်မှာ ခွင့်လွှတ်ပေးလိုက် ရကော..ဒီအမွှေစိန်ဟာ ကိုယ့်ဘဝထဲ ဘယ်အထိ နှောင့်ယှက်နေဦးမှာလဲ
Xiaozhan
လာမပြောနဲ့ Zhanzhan အဲ ဟုတ်ပါဘူး..Zhan Geရဲ့ အထိန်းကို ကျွန်တော်က တစ်သက်လုံး အထိန်းခံချင်တာ ..မသိဘူး..အိပေါ်ကို Zhanzhanတစ်သက်လုံး ထိန်းရမှာ..တစ်လောက လုံးကို ပတ်ချေနေတဲ့ Wang Yiboကနော် Zhan Geကိုပဲကလေးတစ်ယောက်လို ဆိုးပြီး အောက်ကျခံချင်နေတာ..Zhan Geနားမှာ ဘယ်လယောကျာၤးဘယ်မိန်းမမှ မမြင်ချင်ဘူး..Zhan Geအနားက ထွက်သွားအောင် အိပေါ်က နည်းလမ်းမျိုးစုံသုံးပြီး ပထုတ်မှာ..Zhan Geက Yiboလေးကို ဘယ်လောက်ဂရုစိုက်မှန်း စိတ်ပူတက်မှန်း တစ်လောကလုံးသိအောင် Yiboက ပေါက်ကရလေးဆယ်လုပ် အမွှေစိန် လုပ်နေရတာ..Yiboရဲ့နေ့ရက်တွေဟာ Zhan Geရဲ့ ဆူသံဆဲသံလေးတွေနဲ့မှ ပြည့်စုံတာ..ကန်တော့ပါရဲ့..ကျေးဇူးကန်းတာတော့မဟုတ်ဘူးဗျာ..မွေးထားတဲ့ မိဘတွေကို တောင် Zhan Geလောက်မခင်တွယ်ဘူး ..အဟိ ..စိတ်မပူနဲ့ အိပေါ်ရဲ့ ဘဝ တစ်ခုလုံး ကို Zhan Zhanက တစ်သက်လုံး တာဝန်ယူရမယ် ဆိုတာ သိထား..Wang Yiboကလေ Zhan Geရဲ့ ဘဝတစ်လျှောက်လုံး တောက်တဲ့လို ကပ်တွယ်ပြီး မွှေနေဦးမှာ..Zhan Geကို ချစ်လွန်းလို့ မွှေနေရတယ်ဆိုတာတော့ သဘောပေါက်..
Wang Yibo
YOU ARE READING
Sweet Confession (Completed )
Romanceပေါ့ပေါ့ပါးပါး နဲ့ဟာသလေးရောပြီး ရေးမယ့် ficလေးပါ..ကလေးထိန်းနေရတဲ့လူကြီးနဲ့ လူကြီး ဖြစ်ချင်နေတဲ့ ကလေးဆိုးလေးအကြောင်းပေါ့😂