"ပေါက်စီလုံး လေး.. ကလေးလေး..ဘာဖြစ်သွားတာလဲ..ဘာကိုစိတ်ဆိုးသွားတာလဲ"
Xiaozhan စိတ်ညစ်လာပြီ။ သူ့ ကလေး က သူ့ကို လုံးဝ စကားမပြော။နောက်ကနေ သူ့မှာ တကောက်ကောက် လိုက်ချော့နေရသည်။
"ဘာလို့ စိတ်ဆိုး သွားတာလဲ ကလေး..ဟင်.."
"......"
"Aww..သိပြီ..ကလေးက ဟိုနေ့က Ge ကို Pizzaစားချင်တယ် ပြောတာကိုး Ge က ကြက်ခြေ ထောက် ကျွေးမိလို့လား..စိတ်မဆိုးနဲ့နော်..လာ..Pizzaသွားစား ကြမယ်"
Yiboက Xiaozhan စကားကြောင့် ပိုဒေါသထွက်သွားကာ....။
"ပိန်းဥ ကြီး..."
"ဘာ.."
"Zhan"
သေပြီ။ပေါက်စီလုံးလေးက ကောက်နေ ပါ တယ်ဆို ရည်းစားဟောင်းနဲ့ လာတွေ့တာ။ မြွေကိုက်ပြီ။
"Zhan..ယူကလဲ ကိုယ်ဒီနေ့ မွေးနေ့ ဖိတ်တာကိုး မလာဘူး..ကိုယ်က အရင်နှစ်က ယူ ကိုယ့်ကို လုပ်ပေးတဲ့ Cakeလေးကို လွမ်းနေတာ"
"Sorryပါကွာ..ကိုယ် မေ့သွားလို့"
"ရပါတယ်..Zhanနဲ့ ကိုယ်က ဘာမှာ မှ မဆိုင်တော့တာ.."
"ဟို..ငါတို့ နောက်မှ စကားပြော..အား"
Yiboရဲ့ဒေါသတွေက Level အမြင့်ဆုံးရောက်သွား
ပြီ။ဘာ..ရည်းစားဟောင်းကို ကျ Cakeလုပ်ပေးတယ် မွေးနေ့မှာ..။ငါ့ကို ကျတော့ ဘာမှမလုပ်ပေးဘူး။ဒါ ငါ့ကို တန်ဖိုးမထားတာပဲ။ဒေါသထွက်ထွက်နဲ့ နှစ်ယောက်လုံးကို တက်နင်းကာ ထွက်လာခဲ့သည်။
ကျန်နေခဲ့လိုက်။ခင်ဗျား ရည်းစားဟောင်းတွေနဲ့ပဲ သာယာနေလိုက် Zhan Ge....။.....
အိမ်ပြန် ရောက်ပြီး အခန်းထဲ ဝင်လာတဲ့အထိ Yiboက လုံးဝ စကားမပြော။ဘယ်လိုချော့ချော့ မရ။ကျစ်..ချီးလိုပဲ။စောက် ရည်းစားဟောင်းတွေကလဲ တွေ့စရာနေရာ ရှားလို့။ကုတင်ပေါ် မှာ သူ့ကို ကျောပေးထသည့် Yiboကိုယ်လေးက တသိမ့်သိမ့် တုန်နေတာကြောင့် သူ အနားသွားကာ နောက် ကနေ ဖက်လိုက်ပြီး.....။
"ကလေး..ငိုနေတာလား..မငိုပါနဲ့...Geကလေ အဲ့တစ်ယောက်နဲ့ မပတ်သတ်တော့ပါဘူး..Geမှာ ကလေးပဲရှိတာလေနော်..အခုဟာက သူကလဲ Geကို စကားပြောချင်လို့ မဟုတ်ပါဘူး..Ge လုပ်ပေးခဲ့ဖူးတဲ့ မွေးနေ့ကိတ်ကို လွမ်းလို့..အား.."
YOU ARE READING
Sweet Confession (Completed )
Romanceပေါ့ပေါ့ပါးပါး နဲ့ဟာသလေးရောပြီး ရေးမယ့် ficလေးပါ..ကလေးထိန်းနေရတဲ့လူကြီးနဲ့ လူကြီး ဖြစ်ချင်နေတဲ့ ကလေးဆိုးလေးအကြောင်းပေါ့😂