Bonus Chapter

2.2K 301 6
                                    

"နိုင်တော့မယ်..နိုင်တော့မယ်..အရှိန်တင်လိုက်ကွာ"

"ဟာ...ပါးပါးရေး..ပြိုင်တူဖြစ်နေပြီ"

"အာ..မြန်မြန်...ကျော်တက်လိုက်စမ်းပါကွာ"

ကြမ်းပြင်ပေါ် မှာရော စားပွဲပေါ်မှာရေ ပေါက်စီလုံးတို့ သားအဖနှစ်ယောက် ဆိုင်ကယ် ပြိုင်ပွဲ ကြည့်ရင်း စားထားသည့် မုန့်ထုတ်ခွံတွေက ပြန့်ကြဲနေသည်။

Xiaozhan မှာတော့ 6 လအရွယ် သမီးလေးကို ချီကာ ဒင်းတို့ သားအဖ ဖွထားသမျှ မုန့်အခွံတွေကို သိမ်းနေရသည်။

"အူဝဲ...အူဝဲ"

"ပေါက်စီလုံး လေး.သမီးလေးငိုနေပြီ..ခဏ လောက်ချီပါဦး"

"ဟာ..Geရာ..ခဏလေးပါ..နို့်ဘူးတိုက်လိုက်လေ..နို့ဆာနေလို့ ဖြစ်မယ်"

"ကလေးက ပေါက်စီလုံးလေးကို ကြည့်ပြီးငိုနေတာလေ..ချီလိုက်ပါကွာ..ချီရင်းနဲ့လဲ ကြည့်လို့ရတာပဲ"

"ယောကျာင်္းကလဲ ...ခဏလေးပဲနော်..ဟာ..ကျော်တက်သွားပြီ"

"ယေး"

Xiaozhan ဒေါသတော်တော်ထွက်နေပြီ။ နှစ်ယောက်လုံးက သူ့ကို ဂရုတောင်မစိုက်။ ဆိုင်ကယ် ပြိုင်ပွဲကို သာ အာရုံစိုက်နေကြသည်။ Xiaozhan တစ်ယောက် သူ့မှာ ကလေးနှစ်ယောက် ရှိတာလား။ သုံးယောက်ပဲ ရှိတာလား ဆိုတာ ဝေခွဲမရတော့ဘူး။
Wang Yiboဆိုတဲ့ ပေါက်စီလုံး က ကလေးနှစ်ယောက် အဖေသာ ဖြစ်နေတာ အကျင့်က ငယ်ငယ်ကလိုပဲ လုံးဝ မပြောင်းဘူး။
အခန်းသန့်ရှင်းရေး ဘာညာ ကစ ကလေးကိစ္စ အဆုံး Xiaozhan က အလုပ်က ပြန်လာလျှင် မောမောနဲ့ လုပ်ရသည်။ တစ်ခါတစ်လေများ ပင်ပန်းလွန်းလို့ လေသံလေးနည်းနည်းမာပြီး ဆုံးမလိုက်ကြည့် ပေါက်စီလုံး က သားတော်မောင်ကို လက်ဆွဲပြီး နှစ်ဖက်မိဘတွေကို ငိုယို ပြီးတိုင်ပါလေရော။
နောက်ဆုံး Xiaozhan ကပဲ လွန်တယ် ထင်ကြရော။

............

သမီးလေးကို နို့ဘူးတိုက်ပြီး ချော့သိပ်လိုက်တော့ အိပ်ပျော်သွားသည်။ Xiaozhan က သမီးလေးကို ပုခတ်ထဲထည့်ကာ ပါးဖောင်းလေးတွေကို ငုံ့ကာ နမ်းလိုက်ပြီး..

"သမီးကတော့ ပါးပါးကြီးနဲ့တူရမယ်နော်..သမီးပါးပါးလေးနဲ့ ကိုကိုလိုမျိုး အမွှေစိန် မဖြစ်ရဘူး"

Sweet Confession (Completed )Where stories live. Discover now