မနက် အိပ်ရာနိုးနိုးချင်း ဘေးဘီ ဝဲယာ ကို ကြည့်လိုက်တော့ ရင်းနှီးနေသည့် အခန်းတစ်ခု...။ သူနဲ့ Geရဲ့ အခန်းလေးထဲ ရောက်နေတာပဲ..။ညတိုင်းက သူ မူးချင်ယောင်ဆောင်ခဲ့ပေမယ့် နောက်ပိုင်း ကိုယ်ပေါ်လောင်းချ ထားတဲ့အရက့်တွေကြောင့် တကယ်မူးသွားခဲ့တာ..။
ခန္ဓာကိုယ်ကို တင်းတင်းကျပ်ကျပ်ပွေ့ဖက်ထားမှု့ကို သတိထားမိကာ ဘေးကို ကြည့်လိုက်မိတော့..။"Ge.."
Zhan Geက သူ့ခါးတွေကို ဖက် ပြီး အိပ်နေတာ..။ညတုန်းက Geသူ့ကို အခန်းထဲ ခေါ်လာခဲ့ ပြီး Geကုတင်ပေါ်မှာ သူ့ကို သိပ် ခဲ့တာပေါ့။Geနှုတ်ခမ်းအောက်က မှဲ့နက်လေးကိုတို့ကာ ဖွဖွ နမ်းမိတော့ လူးလွန့်လာသည့် Geကြောင့် သူ မျက်လုံးတွေကို ပြန်မှိတ်လိုက်သည်။
Ge ဘာလုပ်မလဲဆိုတာ သူသိချင်လို့..သူ့နဖူးပေါ်က ဆံစလေးတွေကို Geက သပ်တင်ပေးနေသည်ထင်သည်။နဖူးထက်က Geလက်ချောင်းနုနုလေးတွေရဲ့ အထိအတွေ့ကို ခံစားနေရသည်။သူ မျက်လုံးတွေကိုဖွင့်လိုက်ကာ...။"အွန်း..Zhan Ge"
"ပေါက်စီလုံး လေး နိုးပြီလား"
သူ့ ပါးဖောင်းဖောင်း လေးတွေကိုဆွဲကာ Geက မေးသည်။သူ မျက်နှာမဲ့ လိုက်ကာ ဟိုဘက်လှည့်လိုက်ပြီး..။
"ဟွန့်..Geနဲ့ သား မခေါ်ဘူး"
Geက သူ့ခါးတွေကို နောက်က ဖက်ကာ...။
"ဒီ Ge Geကတောင်းပန်ပါတယ်ကွာ..Yiboလေးက စိတ်ဆိုးပြေတော့နော်.."
"မပြေချင်သေးဘူး "
"Yiboလေးက Ge ဘယ်လို လုပ်ပေးမှ စိတ်ဆိုးပြေမှာလဲ"
"မသိဘူး..သား Geကို စိတ်ဆိုးသေးတယ်..Geအခုချိန်ထိ ဟိုနေ့က လို သားကို တစ်ခါမှေ အ်ာပြီး မပြောဖူးဘူး..ပြီးတော့..Ge..Geက Geမားနဲ့ ခွဲနေရတာ သားကြောင့်ဆိုပြီးပြောတာ..ဟင့်"
"Yiboလေး..ဒီဘက်လှည့်"
ငိုနေတဲ့ သူ့ကို ဒီဘက်ဆွဲလှည့်ကာ မျက်ရည်လေးတွေကို သုတ်ပေးရင်း....။
"အိုက်ယား.. ကလေးလေး ကျနေတာပဲ..ဒီအရွယ်ရောက်နေပြီ ငိုစရာလား"
"Geမျက်လုံးထဲ သားကို လူကြီးလို့ မြင်ပြီလား"
"Yiboလေး အရွယ်ရောက်လာမှန်း Ge သိပါတယ်ကွာ..ဒါပေမယ့် ပေါက်စီလုံးလေး အသက်တွေဘယ်လောက်ကြီးကြီး အမြဲ Geရဲ့ကလေးလေးပဲ"
ESTÁS LEYENDO
Sweet Confession (Completed )
Romanceပေါ့ပေါ့ပါးပါး နဲ့ဟာသလေးရောပြီး ရေးမယ့် ficလေးပါ..ကလေးထိန်းနေရတဲ့လူကြီးနဲ့ လူကြီး ဖြစ်ချင်နေတဲ့ ကလေးဆိုးလေးအကြောင်းပေါ့😂