"အန်..Zhanzhan..Wangလေး က ဘာတွေပြောနေတာလဲ"
"ဘာပြောရမှာလဲ မားမားရဲ့..သားက Ge Geရဲ့ချစ်သူပါဆို.."
"ဟင်. "
Xiaoမားမား ပါးစပ်ကြီးဟပြီး အံ သြနေတုန်း.....။
"သဘောမတူဘူး မပြောနဲ့နော်..မတူလို့ မရဘူး..ယောကျာ်း လေး အချင်းချင်း မို့ ယူရင် မျိုးဆက်တွေဘာညာလဲ စိတ်မပူနဲ့..ဖန်ပြွန် သန္ဓေသားနဲ့ ယူပေးမယ်"
"ပေါက်စီလုံး လေး"
Xiaozhan မျက်နှာကြီး နီရဲနေပြီ..Xiaoမားမား အသက်ကို ဝဝရှုကာ......
"ခဏ..ခဏနေဦး Wangလေး..မား Zhanzhanနဲ့စကားခဏပြောမယ်..ဆယ်မိနစ်လောက်အချိန်ပေး..Zhanzhanနင်လာခဲ့စမ်း"
Xiaoမားမား က Xiaozhan ကိုနားရွက်ဆွဲကာ ခေါ်သွားတော့....
"Xiaoမား..သားရည်းစားကို မနှိပ်စက်နဲ့နော်"
ပေါက်စီ တစ်လုံးကို ပါးစပ်ထဲ ပစ်ထည့်ကာ ပလိုးပလောင်းနဲ့ ပြောလိုက် သူက Yibo..
....
"အား..မား..နာတယ်..လွှတ်တော့"
"နေဦး..Wangလေး ပြောတာ အမှန်တွေလား"
"ဟုတ်..ဟုတ်တယ် မား"
"Zhanzhan..မင်း Wangလေးကို အလိုလိုက်ပြီး တကယ်မကြိုက်ဘဲ ခေါင်းညိမ့်ထားတာလား"
"ဟာ..မဟုတ်ပါဘူး မားရယ်..ကျွန်တော် တကယ် ချစ်တာပါ"
"သေချာလို့လား..မင်းညီလေးလို ချစ်နေတာ မဟုတ်ဘူးလား"
"မဟုတ်ပါဘူး မားရယ်...တကယ်ပြောတာပါ"
"ပြီးတာပဲ..ငါက မင်း ကလေးကို အလွယ်တကူ ခေါင်းညိမ့်လိုက်တယ်ထင်နေတာ"
"အန်..အခု ကျွန်တော်က တကယ်ချစ်တယ်ဆိုတော့ မား က ဘာလုပ်ပေးမှာလဲ ပြော"
"ဟဲ့...သဘောတူပေးမှာပေါ့..ငါ့မှာ ငြင်းစရာ မရှိဘူး..Wangလေးလိုကလေးမျိုးက ငါ့သားမက် ဖြစ်လာမှာ ဘယ်လောက်ကောင်းလဲ"
"ဒါ..ဒါဆို မားက သဘောတူတယ်ပေါ့"
"အေး..တူတယ်..ငါလဲအဲ့လောက် အမြင် မကျဉ်းပါဘူး Zhanzhan ရယ်.ဒါပေမယ့် Wangလေးတို့ အိမ်ကရော ဒီကိစ္စကို သိပြီး ပြီလား"
VOCÊ ESTÁ LENDO
Sweet Confession (Completed )
Romanceပေါ့ပေါ့ပါးပါး နဲ့ဟာသလေးရောပြီး ရေးမယ့် ficလေးပါ..ကလေးထိန်းနေရတဲ့လူကြီးနဲ့ လူကြီး ဖြစ်ချင်နေတဲ့ ကလေးဆိုးလေးအကြောင်းပေါ့😂