ဝူဟန်ကောင်းမှု့အကြောင်းပြု

11.1K 862 27
                                        

(ဒါလေးက Sweet Confession နဲ့မဆိုင်ပါဘူးနော်..ဒီတိုင်း စိတ်ကူးပေါက်လို့ ထရေးတာ)။

"Zhan Ge"

"....."

"Xiao Zhan ရား"

"....."

Wang Yiboတစ်ယောက် သူ ဘယ်လို ပြောပြော အဖက်မလုပ်ပဲ သူ့ကြောင်မလေး ကျင်းကော်နဲ့ အလုပ်ရှုပ်နေသည့် Xiao Zhanကို စိတ်ဆိုးလာ
ပြီ။တရုတ်ပြည်တစ်နယ် လုံး Virusကြောင့် အပြင်လဲထွက်မရ။ ရိုက်ကူးရေးတွေလဲ နား ထားရသည်။နှစ်ကူး အပြီး ရိုက်လက်စ ဇာတ်ကား ရိုက်ဖို့ ပြန်လာသည့် Yiboမှာ ထိုသတင်း ကြားတော့ ဝမ်းသာသွားတာ များ..။အိမ်ပြန်ပြီးနားဖို့ မန်နေဂျာ ပြောတော့ သူ့ရဲ့ အိမ်လေး လဲ ဖြစ်သည့် Geဆီမှာပဲ သောင်တင်ပြီးလာနေနေတာ။အလုပ်တွေ လဲ မလုပ်ရအပြင်လဲထွက်မရတော့ Geလဲအိမ်မှာပဲနေသည်။သူ့သမီး ကျင်းကော်ကိုတော့ လွမ်းလို့ ဆိုပြီး ချုံချင်း ကနေခဏ ခေါ်ထာသည်။ကျင်းကော် ရောက်လာထဲက Wang Yibo ဘုံပျောက်တာ..။
.

"Ge Geရေ..Di Diရဲ့ Zhan Geရေ"

"အာ..လောင်ဝမ် ရာ..ဘာဖြစ်နေတာလဲ..နားတွေညီးလာပြီ"

"Ge တစ်နေကုန် ကျွန်တော့်ကို ဂရုမစိုက်ပဲ Ge သမီးနဲ့ပဲနေမလို့လား"

"လောင်ဝမ်ရာ.. မင်းနဲ့ကGe က အမြဲတွေ့နေရတာလေ..ကျင်းကော်နဲ့က အခုမှ အေးဆေး ဆော့ရတာ"

"Geရယ် အဲ့ကြောင်နား သိပ်မကပ်နဲ့..ခုတလော Virusက တိရစ္ဆာန် တွေကတောင် ကူးနိုင်တယ်တဲ့နော်..တချို့ဆို ကြောင်တွေကို တိုက်ပေါ်က ပြစ်ချပြီးသတ် ပစ်ကျတာ"

Yiboစကားကြောင့် Xiao Zhan ကကျင်းကော်နားလေးကို ပိတ်လိုက်ကာ..။

"Wang Yibo မင်း ငါ့သမီးရှေ့ဘာတွေပြောနေတာလဲ..ကလေး လန့်သွားမယ်..ပြီးတော့ ငါ့ သမီးကိုကြောင်လို့ မပြောနဲ့.. ငါ့သမီးက သန့်သန့်လေး..နော် ဟုတ်တယ်မလား ကျင်းကော်လေး"

သူ့ကိုတော့ဆူပြီး ကျင်းကော်ကို နှာခေါင်းချင်းထိကာ ပြောနေသည့် Geကို သူ တကယ် စိတ်ကောက်ပြီ။

"ဒါဆို Geတစ်နေကုန် ကျင်းကော်နဲ့ပဲဆော့.. ကျွန်တော် စကိတ်ထွက်စီးမယ်"

"လောင်ဝမ် "

Skate board ကို ကိုင်ကာ အပြင်ထွက်မည့် သူ့ကို Geကလှမ်းဆွဲသည်။

Sweet Confession (Completed )Dove le storie prendono vita. Scoprilo ora