Xiao Zhanအသက် ဆယ့်ခြောက်နှစ်..Yiboအသက်ဆယ်နှစ်..။
"ဟာ..မားရာ..အတင်းမကျွေးနဲ့. သားဝိတ်လျှော့ရမယ်"
သူ့ပန်းကန်ထဲ ပေါက်စီ တွေအတင်းလာထည့်နေတဲ့ မားကိုမျက်နှာရှုံမဲ့ရင်း Xiao Zhanပြော၏။
"Zhan Zhan..သားကချောပြီးသားပဲ..ဝိတ်ချမနေနဲ့. လုံးလုံးလေး မှချစ်ဖို့ကောင်းတာ"
"ဟုတ်တယ်..မားမားပြောတာအရမ်းမှန်"
သူ့ အမေကို မားမားဟုခေါ်နေသော ထောက်ခံသူ Yiboကို ကြည့်ကာ Xiao Zhan မျက်နှာပိုဆူပုတ်သွားရင်း..။
"မင်းက ဘာလို့ ထောက်ခံရတာလဲ"
"Ge Ge..သားကို မင်းလို့ ခေါ်တယ်ပေါ့..တစိမ်းဆန်လိုက်တာ"
"ငါ့ကို ကူလီကူမာလာလုပ်ပြမနေနဲ့"
"တွေ့လား..ငါတဲ့. တစိမ်းဆန်လိုက်တာ...အူး..ဝါး..မားမား..မားမားသားမကောင်းဘူး..Yiboစိတ်ဆင်းရဲသွားပြီ..မစားတော့ဘူး..အီး"
မစားတော့ဘူးလို့ပြောကာ စားလက်စပေါက်စီအပြင်နောက်တစ်လုံးကိုပါဆွဲယူသွားကာ အပေါ်တက်ပြေးသွားသော Yibo..။
"ဒေါက်.."
"အား..မား..နာလိုက်တာ"
"သွား..အပေါ်တက်ပြီး.Yiboလေးကို အမြန်သွားချော့..Zhan Zhan နင်ဟာလေ ကလေး ကိုစိတ်ဆင်းရဲအောင်..သူ့ခဗျာ သူ့အမေ Koreaကို ပြန်ခေါ် တာတောင်နင်နဲ့မခွဲနိုင်လို့ဆိုပြီး ပေတေ နေခဲ့တာ"
"မားနော်..ဘယ်သူက မားသားလဲပြော..Yiboဆို တစ်ချက်မှ မျက်နှာ အညိုးမခံဘူး"
"ရှည်မနေနဲ့. နောက်တစ်ချက် အခေါက်ခံချင်ပြီလား အခုချက်ချင်း သွားပြေးချော့"
မားမားရဲ့ တစ်ချက်လွှတ် အမိန့်ကြောင့်သူ့မှာအပေါ်တက်လာ ခဲ့ရသည်။သူရဲ့ကိုယ်ပိုင် အခန်းလေးဟာ အခုတော့ Yiboအခန်းပါ ဖြစ်လာသည်။အပေါက်ဝမှာ လက်ရေးသေးသေးလေးတွေဖြင့်
"Zhan Ge နဲ့ Bo Di အခန်း"
ဆိုသော စာကိုတရုတ်လိုရောကိုးရီးယားလိုပါရေးထားကာ ကပ်ထားလိုက်သေးသည်။.ဘေးမှာ စတစ်ကာလေးတွေလဲ ပွစိနေအောင်ကပ်ထားလျှက်..။သူတံခါးကို အသာဆွဲဖွင့်လိုက်တော့ Yiboဟာ ကုတင်ပေါမှာအခန်းပေါက်ဝကိုကျောပေးထိုင်နေပြီး ခန္ဓာကိုယ် လုံးလုံးလေးဟာ တုန်နေလျှက်. .။ဒီလိုကျတော့လဲ သူစိတ်မကောင်း.. ။ဒီကလေးက သူ့ကို ခင်တွယ်လွန်းပြီးသူ့မိဘတွေခေါ်တာတောင်ပြန်မလိုက်သွား..။Yiboရဲ့အမေဆိုသည်မှာ လဲ သားထက်ယောကျာင်္းကိုပိုချစ်သူလားမသိ..။သားကို စိတ်ချလက်ချ သူ့တို့ဆီအပ်ကာ Yiboအဖေနောက် ကောက်ကောက်ပါအောင်လိုက်သွားသည်။
YOU ARE READING
Sweet Confession (Completed )
Romanceပေါ့ပေါ့ပါးပါး နဲ့ဟာသလေးရောပြီး ရေးမယ့် ficလေးပါ..ကလေးထိန်းနေရတဲ့လူကြီးနဲ့ လူကြီး ဖြစ်ချင်နေတဲ့ ကလေးဆိုးလေးအကြောင်းပေါ့😂
