"Ge ရေ..Geရေ"
"Ge ရေ..Ge ဘယ်မှာလဲ..အီး ဟီး"
မနက်စောစောကြီး Yiboရဲ့ ငိုသံက Wangအိမ်တော်တစ်ခုလုံး ဆူညံသွားသည်။
"Ge..Ge..အဟင့်..ဟင့်"
လှေကားခြေရင်းမှာ ခြေဆင်းကာ အသံပြဲနဲ့အော်ငိုနေသော Yiboကြောင့် Wangဘွားနဲ့ Wang မား ရောက်လာသည်။
"ဟဲ့..ဘာလို့အော်ငိုနေတာလဲ မနက်စောစောစီးစီး ကို"
"ဘွား..ဟင့်..Geမရှိတော့ဘူး..သားကို ထားခဲ့ ပြီလား မသိဘူး..ဟင့်"
"ဟဲ့ ဘာတွေပြောနေတာလဲ Zhanzhan က ဘာလို့ မြေးကို ထားခဲ့ရမှာလဲ"
"အီး...ဟီး..တစ်အိမ်လုံး ရှာတာနှံ့ နေပြီ Geကို မတွေ့ဘူး"
"ကယ်..Wangလေးရယ်..မငိုပါနဲ့တော့ "
"Ge ကို ခေါ်ပေး..Geကို ခေါ်ပေးလို့.. ဟင့်"
"ပေါက်စီလုံးလေး"
အထုပ်တွေနဲ့ ပိုက်ကာ ပြန်လာသည့် Xiaozhan ကလှေကား ခြေရင်းမှာ ခြေဆင်းငိုနေသည့် Yiboကိုတွေ့တော့ ပြေးလာကာ ဖက်လိုက်ပြီး...
"ဘာဖြစ်တာလဲ.. ဘာလို့ ငိုနေတာလဲ"
"Ge..အဟင့်..ဟင့်"
"ပြော..Geကို..ဘယ်သူဘာလုပ်လိုက်လို့ငိုနေတာလဲ"
"သား အိပ်ရာနိုးလာတာ Geက မရှိတော့ သားကိုထားပြီး ထွက်သွားပြီ ထင်နေတာ"
"ကလေးရယ်..Geက ဘာလို့ ကလေးကို ထားပြီး ထွက်သွားရမှာလဲ..Geက ကလေး ကြိုက်တဲ့ ပေါက်စီ လေးတွေသွားဝယ်နေတာပါ"
"ဟင့်..ဘာလို့ ကိုယ်တိုင် သွားဝယ်ရတာလဲ"
"ကလေးကို စားစေချင်လို့ပေါ့ကွာ..အိုက်ယား..ကြည့်ပါဦး..ငိုထားတာလဲ ပေပွလို့ကွာ"
"ဟင့်..သား မျက်နှာလဲ သစ်ရသေးဘူး"
"လာ..Geသစ်ပေးမယ်"
"ချီ.."
"အွန်း..ဘွား..ဒီ အထုပ်လေးတွေ ယူထားပေးပါဦး"
"Aww အေးအေး"
အထုပ်တွေကို ဘွားလက်ထဲထည့်ကာ Yiboကို ချီကာ တက်သွားသည့် Xiaozhan ကို ကြည့်ကာ သက်ပြင်း ချမိရင်း..
ဒီသဲသဲနဲ့ ကဲကဲ အတွဲနဲ့ ငါရူးချင်ပါတယ်။
![](https://img.wattpad.com/cover/208060643-288-k761188.jpg)
YOU ARE READING
Sweet Confession (Completed )
Romanceပေါ့ပေါ့ပါးပါး နဲ့ဟာသလေးရောပြီး ရေးမယ့် ficလေးပါ..ကလေးထိန်းနေရတဲ့လူကြီးနဲ့ လူကြီး ဖြစ်ချင်နေတဲ့ ကလေးဆိုးလေးအကြောင်းပေါ့😂