Prologue (Z/U)

22.6K 952 26
                                    

"မင်းကြီးနဲ့ အိမ်ရှေ့စံတို့ကြွလာတော့မှာတဲ့"

"ဟဲ့ မြန်မြန်ပြင်ကြ ငါစည်တော်သံတွေကြားနေရပြီ"

မြို့လယ်ခေါင်က လူကြီးလူငယ် အပျို အအို အရွယ်မှန်သမျှတို့က တက်တက်ကြွကြွနဲ့ လမ်းမကြီးအလည်ကို စုရုံးသွားနေကြသည်။ လူကြီးတွေရဲ့မျက်နှာကလဲ အပြုံးကိုယ်စီ...အပျိုရွယ်မိန်းးမလှလေးများက သူ့ထက်ကာအပြိုင် ပြင်ဆင်ချယ်သကာ အရောင်စုံလင်သော အဝတ်စားများဖြင့် ပြေးထွက်လာကြ၏။

"မင်းကြီး သက်တော်ရာကျော်ရှည်ပါစေ!"

ရွှေရောင်လွှမ်းသော အလံထူစစ်သည်တော်များ ချီတက်လာသည်ကိုမြင်သည်နှင့် တပြိုက်နက်
ဟိန်းထွက်လာသော လူထုကြီးရဲ့ ဆုတောင်းဂါရဝပြုသံက ကြားရသူအပေါင်းကြက်သီးထစေသည်။

ထိုစစ်သည်များကြား ထီးဖြူ ထီးနီ ပေါင်းစုံခြံရံလျက် သစ်စေးနီရဲရဲနဂါးပလ္လင်ခံတွင် ရွှေရောင်အဆင်းသုတ်၍ ပုလဲလုံးများချိတ်ဆွဲထားသော ဝေါယာဉ်အလည်၌ ကျောက်စိမ်းဖြူသဖွယ် တင့်ဝါဝင့်ထယ်သော ချင်ဘုရင်မင်းမြတ်ကို လူအများဖူးမြော်ခွင့်ရကြသည်။

ချင်ဘုရင်သည် ငယ်ရွယ်သော်လည်း အမျှော်မြင်ကြီးမားမှု တရားမျှတမှုတို့နှင့် ပြည့်စုံသည်ဖြစ်ရာ ပြည်သူများက ကြည်ညိုလေးစားကြသည်။ သူ့ရဲ့ မဟာတံတိုင်းဆောက်လုပ်ရန် အစီစဉ်ကလည်း ဖြစ်မြောက်အောင်မြင်ခဲ့သည်မို့ ပြည်သူတွေက အားကိုးမှုယုံကြည်မှုထပ်ရရှိထားသော ဘုရင်မင်းမြတ်ပင်ဖြစ်သည်။

"မင်းကြီးက အရမ်းချောတာပဲ...မေးရိုးလေးတွေက ပြတ်သားပြီး အသားရည်လေးကကြည်လင်လိုက်တာ"

"ကောင်မ အငမ်းလွန်ပြီး ခေါင်းပြတ်နေမယ် သေချာငုံ့ထားစမ်း"

"ဟယ် မင်းကြီးရဲ့ လက်ချောင်းသွယ်သွယ်တွေနဲ့ တညလောက်တို့ထိခွင့်ရရင်တော်ပါပြီ"

"ရွံဖွယ်...ဟယ်တော့ မင်းကြီး တို့ဘက်ကြည့်သွားတယ် ငါတော်ကောက်ခံရတော့မယ်ထင်တယ်"

ကောင်မလေးတွေရဲ့ ကျွက်စီကျွက်စီ အသံကြောင့် ဖြတ်သွားသောရဲမက်တွေက ပြုံးချင်မိသော်လည်း အောင့်ထားရ၏။ သူတို့ ဘုရင်က ခုထိ မိဖုရားခေါင် မတင်မြောက်ရသေးဘူးဆိုတော့ မိန်းမလှတွေအားလုံး ထိုနေရာကိုအိမ်မက်မက်နေကြဆဲ။

The Everlasting Love (Yizhan)Where stories live. Discover now