အပိုင်း(10)

5.2K 544 54
                                    

(*ပြထားသည်များကို A/Nမှာဖတ်ပါရန်)

"စုန့်ယန် ကျန့်အာဘယ်မှာလဲ"

"မင်းကြီး...ဒါ..ဒါက"

ရုတ်တရပ်ကြွလာသော မင်းကြီးကြောင့် စုန့်ယန်သွေးပျက်သွား၏။ အရှင့်သားက နေ့လည်ထဲကထွက်သွားပြီး ခုထိပြန်မရောက်သေး။

"မြန်မြန်ဖြေလိုက်လေ"

"အရှင့်သား....ဝမ်အိမ်တော်ဆီသွားပါတယ်အရှင်မင်းကြီး"

"သန်းခေါင်ယံတိုင်တော့မယ် ပြန်မလာသေးဘူးလား "

"အဲ့ဒါ.."

စုန့်ယန်ဖြေရခက်စွာနဲ့ ခေါင်းကိုငုံ့နေခိုက်

"စုန့်ယန်!ငါပြန်လာ..အယ် အကိုတော်!"

အရှင့်သားက ဖုန်အလူးလူးနဲ့ အခန်းထဲကိုပြေးဝင်လာရင်းမထင်မှတ်ထားတဲ့ ဧည့်သည်တော်ကိုမြင်တော့ ခြေလှမ်းရပ်သွား၏။

" ကျန့်အာ...မင်းးကိုယ်မင်းအိမ်ရှေ့စံဆိုတာ သတိရသေးရဲ့လား"

မျက်မှောင်ကြုံ့၍ မင်းကြီးက အသံမြင့်ပြောတော ရှောင်းကျန့်စိတ်ခုသွား၏။

"အကိုတော်ကရော ကျွန်တော့်ကို အိမ်ရှေ့စံလို့သတ်မှတ်လို့လား"

"လီကျန့်*!"

(Author's Note မှာဖတ်ပေးပါ)

ရှောင်းကျန့်အမုန်းဆုံးနာမည်က အကိုတော့်နှုတ်ဖျားကနေ ထွက်ကျလာသည်ကိုမယုံနိုင်။ ကိုယ့်အပေါ် နားလည်မှုအရှိဆုံးလူသားတွေက တခါတခါကျရင် အရက်စက်ဆုံးဖြစ်တတ်တယ်ဆိုတာ ဒါမျိုးလား။

"မင်းတို့အားလုံးထွက်သွားကြ!"

"ဟုတ်ကဲ့ပါ မင်းကြီး"

အထိန်းတော်တွေအကုန်ကြောက်လန့်စွာနဲ့ အခန်းထဲမှထွက်သွားကြသည်။ မင်းကြီးသည် ဒေါသမီး လောင်လျှင် အတိုင်းအဆမရှိ ထင်ရာစိုင်း၍ရက်စက်တတ်သူပင်။ အရှင့်သားကလည်း  ခေါင်းမာ၍အလျှော့ပေးခဲသူမို့ ညီအကိုနှစ်ဦး၏ တင်းမာမှုက ဒီထက်မဆိုးရွားစေရန် ဆုတောင်းရုံအပြင်မရှိ။

"လီကျန့် ထိုင်စမ်း "

မင်းကြီးက စားပွဲမှာထိုင်ရင်း  ပေကပ်ပြီးကျောခိုင်းရပ်နေသော အရှင့်သားကို အော်လိုက်သည်။

The Everlasting Love (Yizhan)Donde viven las historias. Descúbrelo ahora