"၉၉၈...၉၉၉. တစ်..ထောင်!"
သစ်သားဓားကို ဟန်ချက်ညီညီ လွှဲ၍ ဝါးရုပ်တိုင်ကို မမောမပန်းရိုက်နေတဲ့ ကလေးငယ်က ဓားချက်တစ်ထောင်မြောက်တွင် ခနရပ်ကာက နဖူးကနေမျက်လုံးထောင့်သို့ ကျလာသော ချွေးစတွေကို လက်ဖမိုးနဲ့သုတ်လိုက်သည်။ သေးငယ်သောလက်ဖဝါးလေးက ပြင်းထန်တဲ့ လေ့ကျင့်မှုကြောင့် ပေါက်ပြဲရှရာတွေအပြည့်။ လက်ဆစ်တွေက ရောင်ရမ်းနီမြန်းနေပေမယ့် သူဂရုမှုဟန်မပေါ်..သူ့နားမှာရှိတဲ့ ချုံပုတ်ကို စူးစိုက်ကြည့်၍ အင်္ကျီရင်ဘက်ထဲက ဓားပျံတစ်ချောင်းကို ပစ်လွှတ်လိုက်သည်။
"ဘယ်သူလဲ ထွက်လာခဲ့စမ်း!"
"အားရိုး ဒီကိုကိုက ရက်စက်လိုက်တာ!ကျန့်အာ သေတော့မလို့"
သူပစ်လိုက်သော ဓားပျံကို လက်ချောင်းကြားညပ်၍ ခြုံပုတ်နောက်က သူ့ထက်အနည်းငယ်ပုသော ကလေးတစ်ယောက်ထွက်လာသည်။ထိုကလေးငယ်က သူ့အပေါ် တင်နေသော သစ်ရွက်များ ဖုန်များကို ခါထုတ်နေ၏။ ပေပွနေသောဝတ်ရုံဖြူကို ဘောင်းဘီအနက်နဲ့ တွဲဖက်ဝတ်ထားပြီး ခေါင်းတွင် ပိတ်ကြိုးအနက်နဲ့ ဆံပင်တွေကို စုချည်ထားသော ကလေးငယ်က မျက်လုံးများကို မှေး၍ လက်သီးကို တင်းတင်းဆုပ်လိုက်သည်။
ရိပေါ်ငယ်ငယ်က အမေသင်ပေးထားသည့် ဓားပျံသိုင်းကို ၁၃နှစ်သားအရွယ်ရောက်တော့ ကျွမ်းကျင်တတ်မြောက်နေပြီဖြစ်၍ သူ့ပစ်ချက်တွေကို တော်ရုံလူတွေ မရှောင်နိုင်ခဲ့။ ဒီကလေးပေါက်စက အလွယ်တကူ ရှောင်နိုင်ပြီး ဓားကိုပင် ဖမ်းထားသည်မှာ အံ့ဩစရာ။ ထိုကလေးက အရွယ်နဲ့မလိုက်အောင်ကြီးတဲ့ အပြာရောင်သားမွေးဝတ်ရုံထည်ကို ခေါင်းကစ ခြုံထားတာကြောင့် မျက်နှာကို သေချာမမြင်ရ။ ထိုကလေးဝတ်ထားသည်ကို မြင်မှ ပတ်ဝန်းကျင်က နှင်းတွေလွှမ်းပြီး အေးစိမ့်နေသည်ကို သတိထားမိသည်။
"မင်းက ဘယ်သူလဲ ဘာလို့ ငါ့ကို ချောင်းကြည့်နေတာလဲ"
"ကြိုက်လို့လေ"
ခေါင်းမြီးခြုံကိုချ၍ သူ့အား ခပ်တည်တည်နဲ့ကြည့်နေသော ကလေးစကားကြောင့် ရိပေါ် ခဏဆွံ့အသွား၏။
"ဘာ!"
ဓားကို ရိပေါ် ခြေရင်းသို့ ပစ်ပေးရင်း အနားကိုတိုးလာတဲ့ကလေးကို ပထမဆုံးသတိပြုမိသည်က နှုတ်ခမ်းနားက မှဲ့နက်လေး။

VOCÊ ESTÁ LENDO
The Everlasting Love (Yizhan)
Ficção HistóricaHistorical Drama လေးပါ 🙆♀️❤Brownie ရဲ့ ဖင်မနိုင်ပဲပဲကြီးဟင်းစားခြင်း (3) Historical Drama လေးပါ 🙆♀️❤Brownie ရဲ့ ဖင်မနိုင်ပဲပဲကြီးဟင်းစားခြင်း (3)