"မင်းကြီး အိမ်ရှေ့စံ မင်းသား ရောက်လာပါပြီ"
"ဝင်ခဲ့"
"အကိုတော်ကို ကျန့်အာ ဂါရဝပြုပါတယ်"
"ထိုင်"
လီရှန်းက စားတော်ပွဲသုံးဆောင်နေရင်း သူ့ဘေးနားက နေရာလွတ်ကို မေးငေါ့ပြလိုက်သည်။သို့ရာတွင် ရှောင်းကျန့်က တုပ်တုပ်မျှမလှုပ်ဘဲ မက်တပ်ရပ်မြဲရပ်နေသည်။ မင်းကြီးက လက်ထဲကတူကို ချ၍ သက်ပြင်းချကာ အိမ်ရှေ့စံကို မျက်မှောင်ကြုံ့၍ ကြည့်နေလေသည်။
"အကိုတော့်ကို စိတ်ပျက်တယ်"
"လာထိုင် ကျန့်အာ...မင်းကြိုက်တဲ့မုန့်တွေလုပ်ခိုင်းထားတယ် "
"ကျွန်တော်မုန့်စားဖို့လာတာမဟုတ်ဘူး"
"အနည်းဆုံးတော့ အကိုတော့်နားလာထိုင်သင့်တယ်မဟုတ်လား"
လီရှန်းသက်ပြင်းချပြီး လက်တဖက်ဖြင့် နဖူးကို နှိပ်လိုက်၏။ ထို့နောက်အပျိုတော်တွေကို စားတော်ပွဲကိုသိမ်းခိုင်းလိုက်ပြီး ပလ္လင်ကိုမီကာ မျက်လုံးတွေမှိတ်ထားလိုက်၏။
"ခေါင်းတွေကိုက်နေတာပဲ..ကျန့်အာ မင်းစကားမပြောချင်ဘူးဆိုရင် ပြန်တော့.."
ရှောင်းကျန့်ပိုစိတ်တိုသွားရသည်။လာတုန်းကအတင်းလာခိုင်းပြီး ခုကျတော့ဒါဘာသဘောလဲ။ ရန်တွေ့ဖို့ပါးစပ်အပြင်
"မင်းကြီး ကိုယ်လုပ်တော်ကျန်း အခစားဝင်ပါတယ်"
ရှန့်ကုန်းကုန်းရဲ့အသံကြောင့်ပါးစပ်ပိတ်လိုက်သည်။
"အေး ဝင်လာခိုင်းလိုက်"
"မင်းကြီးကို ကျွန်တော်မျိုးမ ဂါရဝပြုပါတယ်..အော် အရှင့်သားလဲရောက်နေတာကိုး"
ကျန်းချွမ်ဟွာက မင်းကြီးကို ပြုံးပြုံရွှင်ရွှင်နဲ့နှုတ်ဆက်ရာမှာ မင်းသားကိုမြင်တော့မနှစ်မြို့ဟန်ဖြစ်သွားသည်။
"ကိုယ်လုပ်တော်ကျန်းက ဘာကိစ္စရှိလို့လဲ"
ရှောင်းကျန့်က မျက်ခုံးပင့်၍ မေးလိုက်သည်။
"မင်းကြီး ညက သေရည်တွေအလွန်ကျွံသောက်ထားတော့ ခေါင်းကိုက်မှာစိုးတာနဲ့ ကျွန်တော်မျိုးမကိုယ်တိုင်လုပ်ထားတဲ့ စွပ်ပြုတ်လေးလာဆက်သတာပါ"
YOU ARE READING
The Everlasting Love (Yizhan)
Historical FictionHistorical Drama လေးပါ 🙆♀️❤Brownie ရဲ့ ဖင်မနိုင်ပဲပဲကြီးဟင်းစားခြင်း (3) Historical Drama လေးပါ 🙆♀️❤Brownie ရဲ့ ဖင်မနိုင်ပဲပဲကြီးဟင်းစားခြင်း (3)