အပိုင်း(၁၄)

5.4K 447 86
                                    

အရှင့်သားရဲ့ လက်ကောက်ဝတ်ပေါ်က ဖဲကြိုးကို ရိပေါ်က အပြုံးလေးနဲ့ဆွဲယူပြီး သူ့ရဲ့ဘယ်ဘက်လက်ကောက်ဝတ်တွင်ရစ်ပတ်လိုက်သြည်။သူ့ရဲ့ကြမ်းရှသော လက်ဖဝါးတဖက်က အရှင့်သားရဲ့မျက်နှာနုနုကို အဖိုးတန်ကြွေထည်ကို ကိုင်တွယ်သလိုမျိုး ဖြည်းညင်းစွာ ထိတွေ့ပွတ်သပ်ပြီး အရှင့်သားရဲ့ ဟနေသော နှုတ်ခမ်းဖူးငယ်ကို ခပ်ဖြေးဖြေး နမ်းရှိုက်၍ နဖူးချင်းထိလိုက်သည်။
သူ့လက်ချောင်းတွေကတော့ ပြေလျော့နေတဲ့ အရှင့်သားရဲ့ဆံနွယ်တွေကြားထိုးဖွလျက်။

"သေချာလို့လား အားကျန့်"

ရှိုက်ဖိုမောဟိုက်နေသော အရှင့်သားဆီက ဘာဖြေသံမှမကြားခင် သူ့ရဲ့နှာခေါင်းဖျားက
နဖူးမှတဆင့် လည်တိုင်ကျော့ကျော့ဆီ ဖွဖွလေးရွေ့လျားကာ အရှင့်သားရဲ့ လျော့ရဲတဲ့ဝတ်ရုံအောက်က လည်ညပ်ရိုးထိ ကျူးကျော်လိုက်သည်။ နို့နှစ်ရောင်အသားရည်ပေါ် အနီရောင်မှင်စက်တွေကြဲချရတာသူနှစ်သက်သည်။ အချစ်မှတ်သားလေးများကို တပတ်လောက်နဲ့မပျောက်သွားအောင် သွားနဲ့ကြိတ်ကြိတ်ကိုက်ပစ်မည်။

နှုတ်ခမ်းတွေကို ဖိကိုက်ထားရုံနဲ့ ချစ်စဖွယ် ညည်းသံသဲ့သဲ့တွေကို အရှင့်သားဖုံးထားနိုင်မယ်လို့ထင်နေတာလား။

ညပ်ရိုးကို ပိုပိုသာသာဖိကိုက်လိုက်တော့မှ ထိုနှင်းဆီဖူးနှုတ်ခမ်းလေးကပွင့်ဟလာပြီး အော်သံသေးသေးလေးထွက်လာရှာသည်။

အခန်းတွင်းပျံ့နေတဲ့ နံ့သာနံ့တို့သည် သူ့အာရုံကို ထုံဝေယစ်မူးစေသည်။ ထို့ထက် ယစ်မူးဖွယ်ကောင်းသည်က အရှင့်သားရဲ့ ကိုယ်သင်းရနံ့။

ရမ္မက် လိုချင်မှု တပ်မက်မှု..စက်ဆုပ်ဖွယ်စကားလုံးတို့က အခုချိန်တွင် သူ့လိုအင်ဆန္ဒကို ဖော်ပြဖို့အသင့်တော်ဆုံးစကားလုံးများဖြစ်ပေလိမ့်မည်။

မစင်ကြယ်သောအကြည့်တို့နှင့် ကြည့်ရှုရန်ပင်မထိုက်တန်လှသော ကျွန်တော့ရဲ့ ပန်းပွင့်လေးက သားရိုင်းတကောင်လို ကြမ်းတမ်းတဲ့ကျွန်တော့် ချုပ်တည်းမှုအောက်တွင် ရာဂမီးကိုအချိန်မရွေး ထတောက်စေနိုင်သည့် သမင်လည်ရွဲမျက်လုံးတို့ဖြင့် ကျွန်တော့်ရဲ့ အကြည့်အစုံကို ညို့ငင်နေလေသည်။

Você leu todos os capítulos publicados.

⏰ Última atualização: Aug 06, 2020 ⏰

Adicione esta história à sua Biblioteca e seja notificado quando novos capítulos chegarem!

The Everlasting Love (Yizhan)Onde histórias criam vida. Descubra agora