အပိုင်း(၂)

6.5K 726 76
                                    

"ကျန့်အာ.."

သူ့ခေါ်သံကို လှည့်မကြည့်ဘဲ ထွက်သွားသော အပြာနုရောင် လိပ်ပြာလေးကို ကြည့်ရင်း ချင်မင်းကြီး သက်ပြင်းငွေ့ငွေ့ချလိုက်သည်။ စိတ်ကောက်နေပြန်ပြီနှင့် တူသည်။

"ရှန့်ကုန်းကုန်း"

"အမိန့်ရှိပါ မင်းကြီး"

"စားဖိုဆောင်ကို မက်မွန်သကြားလုံးတွေ ပြင်ဆင်ခိုင်းထား..လက်ဖက်ရည်ဝိုင်းပြင်ပြီး ညနေကျရင် မင်းသားအဆောင်ကို ငါကိုယ်တော်တိုင်ကြွမယ်"

အိမ်ရှေ့စံမျက်နှာညိုးသည့်နေ့သည် နန်းတော်တွင် ပြသဒါးနေ့ဖြစ်၏။ အကိုတော်က ဖူးဖူးမှုတ်ချင်းခံရသည့်တိုင် အိမ်ရှေ့စံသည်အလိုတော်မကျဖြစ်လေ့ရှိသည်။ အထူးသဖြင့် စစ်သူကြီး ဝမ်ရိပေါ် စစ်မြေပြင်ကို ရောက်နေချိန်ပင်။

Qin Haung Diဘွဲ့ခံ ချင်ဘုရင် Zhao Lixian ရဲ့တခုတည်းသော အားနည်းချက်က  သူ့ညီတော် Xiaozhan။

ဖခမည်းတော်၏ မြောက်နန်းစံမိဖုရားမှ မွေးဖွားလာသော်လည်း တစ်ဦးတည်းသာရှိသော အဖေတူအမေကွဲညီလေးအား ညီအကိုရင်းသဖွယ်ချစ်ခင်မြတ်နိုးရလေသည်။ ချစ်လွန်း၍ ထုံးတမ်းပစဉ်လာများချိုးဖောက်ကာ အိမ်ရှေ့စံရာထူးပေး၍ အနားမှာထားထားခြင်းဖြစ်သည်။ မယ်တော်ဘုရားကလဲ ကျန့်အာကို ချစ်ခင်ရှာ၍ သားတော်ရဲ့ဆုံးဖြတ်ချက်ကို အသာတကြည်ခေါင်းငြိမ့်လိုက်လေသည်။ စာပေ အနုပညာတွင်သာမက စစ်မက်ရေးရာပါထူးချွန်သော ကျန့်အာက သူ့ကို နန်းတွင်းညီလာခံတွင်သာမက ၇ပြည်ထောင်စုစည်းရေးတွင် ဗျူဟာပိုင်းဆိုင်ရာကိုပါ အားကိုးအားထားပြုရသည့် ညီငယ်ပင်။ ရာဇပလ္လင်ကို ခြိမ်းခြောက်မည့်သူအဖြစ် သွေးထိုးကြသော်လည်း အိပ်ဆောင်ထဲတွင် ရံဖန်ရံခါလာပြီး အလိုမကျလျှင် နွဲ့ဆိုးဆိုးဖို့လောက်သာသိသော ဖြူစင်သည့်ကလေးငယ်ကို သူအကြွင်းမဲ့ယုံကြည်သည်။အလိုလိုက်ကာ အကဲပိုထားခြင်း
ခံရသော ကျန့်အာက မက်မွန်သကြားလုံးများကို အလွန်ကြိုက်သည်။ 

ငယ်ရွယ်စဉ်က သူတို့ ညီအကို၂ဦး မြားပစ်လေ့ကျင့်တိုင်း ဖခမည်းတော်က မြားမှန်သည့် အမှတ်အရေအတွက်လိုက် သကြားလုံးတွေဆုချတတ်သည်။ ကျန့်အာက အမြင်အာရုံသိပ်မကောင်းသဖြင့် အမှတ်နည်းလေ့ရှိသည်။သကြားလုံးနည်းနည်းလေးရတိုင်း သစ်ပင်နောက်တွင် ထိုင်၍ စိတ်ကောက်နေတတ်သော ကျန့်အာကို သူ့ဝေစုထဲက အမြဲခွဲပေးလေ့ရှိသည်။

The Everlasting Love (Yizhan)Место, где живут истории. Откройте их для себя