အပိုင်း(5)

6.3K 657 33
                                    

ရွှေရောင်အတိလွှမ်းသော ခန်းမထဲတွင် သာယာငြိမ့်ညောင်းသော ပုလွေသံ နှဲသံ ဗျပ်စောင်းသံတို့နှင့်အတူ ရောင်စုံပိုးဖဲကို ဆင်မြန်းထားသည့် နတ်မိမယ်တို့ရဲ့ အလှက သူတို့ရဲ့ ပျော့ပြောင်းကကွက်တွေနှင့် လိုက်ဖက်လွန်းလှသည်။ အောင်ပွဲရသူတို့ရဲ့ စားသောက်ပွဲ ဖြစ်သည့်အလျှောက် ပြည့်ရှင်နှင့် မှူးမတ်စစ်သေနာပတိတို့၏ရယ်သံမောသံ ကောင်းချီးပေးသံတို့နှင့် ပြည့်နှက်နေရသော်လည်း ထိုထဲပါဝင်မဆင်နွှဲနိုင်သူက ဘုရင့်လက်ယာဘက် အောက်တဆင့်နိမ့်သော ပလ္လင်တွင် ထိုင်နေသည့် ကျောက်စိမ်းရောင်ပိုးဖဲရုံကို ဆင်မြန်းထားသော အရှင့်သားပင်။

မင်းကြီးရဲ့အထိန်းတော် ရှန့်ကုန်းကုန်းက အိမ်ရှေ့မင်းသား၏ အရိပ်အကဲကို တချက်ကြည့်၍ မင်းသားရဲ့အထိန်းတော် ပိုင်စုန့်ယန်ကို မေးငေါ့မေးတော့ မသက်မသာဖြစ်သည့်မျက်နှာနှင့် ခေါင်းခါပြသည်။မင်းကြီးကတော့ စစ်သူကြီးဝမ်နဲ့ စကားလက်ဆုံကြနေလေသည်။ သေရည်နည်းနည်းဝင်တာနဲ့ စကားများလေ့ရှိသော မင်းကြီးနှင့် စစ်သူကြီးဝမ်အကြောင်း နန်းတွင်းတခုလုံးသိကြသည်။

စုန့်ယန်ကတော့ သူ့အရှင်ဘာကို အလိုမကျဖြစ်နေသည်ကို စူးစမ်းရန် ပတ်ဝန်းကျင်ကို တချက်အကဲခတ်လိုက်သည်။ထို့နောက် မင်းသားရဲ့ မျက်နှာတော်ကို မျက်လွှာချထားသည့်ကြားက တချက်မြန်မြန်ကြည့်လိုက်သည်။

အရှင့်သားသည် ခါတိုင်းကဲ့သို့ ဆံပင်အားလုံးသိမ်း၍ ယောင်ထုံးခပ်မြင့်မြင့်ထုံးထားခြင်း မဟုတ်ဘဲ ဆံနွယ်တွေကို ကျောတဝက်ကနေခပ်စုစုလေးစည်းနှောင်ကာ ကျောပေါ် ဖြန့်ချထားသည်။ စည်းနှောင်ထားတဲ့နေရာက ဆံပင်ထုံးလေးတွင်တော့ စုန့်ယန်တခါမှ မမြင်ဖူးတဲ့ ဆံထိုးအသစ်လေးကို ထိုးစိုက်ထား၏။အရှင့်သားအကြိုက်ဆုံး မင်နိုင်ငံမှ ဆက်သထားသည့် ကျောက်စိမ်းရောင် နံ့သာယပ်တောင်အဖျော့လေးကို အရှင့်သားယူလာပုံထောက်ရင်တော့ လာခါစက စိတ်ကြည်နေပုံရသည်။ အမှန်တငယ်လဲ စိတ်ကြည်နေခဲ့တာပင်...ပွဲမလာခင် သူ့ကိုယ်သူ ကြေးမုံတွင် အထပ်တလဲလဲကြည့်ပြီး ကျေနပ်အားရစွာပြုံးကာ စုန့်ယန်ကို ကိုယ်တော် ကြည့်ကောင်းလား တဖွဖွမေးနေခဲ့၍ အာညောင်းအောင် ပြန်ဖြေခဲ့ရသေးသည်။ ခုတော့ အရှင့်သားက စားပွဲပေါ် လက်ထောက်၍ မေးတင်ကာ တခုခုကို စူးစိုက်ကြည့်၍ မျက်တောင်ကြုံ့နေသည်။ စုန့်ယန် အရှင့်သားကြည့်ရာကိုလှမ်းကြည့်လိုက်တော့...အခြားတော့ မဟုတ် ခန်းမရဲ့ လက်ဝဲ.ထောင့်ရှေ့တန်းနေရာတွင်ရှိနေသော စစ်သူကြီးဝမ်ကိုပင်။

The Everlasting Love (Yizhan)Where stories live. Discover now