အပိုင်း(6)(Z/U)

5.7K 605 37
                                    

"ကျား!!"

မြင်းတွေရဲ့ဟီသံ စစ်သားအချို့ကြိမ်းဝါးသံတို့က တောဝက်ငယ်ကို ကြောက်ရွံ့မှုတွေနဲ့ပြည့်နှက်စေပြီး ဦးတည်ရာမရှိ ပြေးလွှားစေသည်။

"အိမ်ရှေ့စံ! သူ ပစ်ကွင်းထဲ ဝင်လာပြီ!"

ရဲမက်တွေရဲ့ အချက်ပြသံကြားတာနဲ့ လွယ်ထားသော မြှားဘူးထဲမှ မြားတံကိုယူ၍ လေးပေါ်တင်လိုက်သည်။ ဘေးပတ်ပတ်လည်မှ ခြောက်လန့်နေသော စစ်သားတွေကြောင့် တောဝက်က စူးစူးဝါးဝါး အော်ဟစ်နေရင်းမှ နှာကိုမှုတ်ကာ ခွာယပ်၍ အမြီးကိုကုပ်ပြီး တိုက်ခိုက်ရန် အနေထားပြင်လိုက်သည်။ အသားနာထားသည့် တောကောင်ဖြစ်၍ သူသေကိုယ်သေတိုက်ခိုက်တော့မှာပင်။

ထိုအရာကိုမြင်သော အိမ်ရှေ့စံက တချက်ပြုံး၍ တင်ထားသည့်လေးကို ချလိုက်သည်။

"ကျန့်အာ...ဒီတောဝက်ကိုကြည့်..သူသေတော့မှာသိရဲ့နဲ့တောင် အလျော့မပေးပဲ တိုက်ခိုက်ဖို့ပြင်တယ်..ပထမသူပြေးကြည့်တယ်..မရတော့ သူတိုက်ခိုက်တယ်..သူလွတ်မြောက်ဖို့ဘာမဆိုသူကြိုးစားတယ်..အရှုံးကိုမြင်လဲ ကိုယ့်အကောင်းဆုံးကြိုးစားနေရမယ်..ကြားလားကျန့်အာ...ကျန့်..အာ...ကျန့်အာရော!"

ဖြေသံမကြား၍ နောက်ကိုလှည့်ကြည့်တော့ ကျန့်အာရဲ့ မြင်းတော်ပေါ်မှာ ကျန့်အာမရှိတော့။

"ထျန်းဟူ! ကျန့်အာကော!"

ကိုယ်ရံတော်ကလဲ မျက်လုံးပြူးမျက်ဆံပြူးဖြစ်သွားသည်။ တစ်မိနစ်မရှိသောအချိန်တွင် မင်းသား၂ ပျောက်သွားတာမလား။

"ခု..ခုနလေးတင် ရှိပါသေးတယ်..အရှင့်သား"

"ရှာစမ်း!ဘယ်နားပြုတ်ကျခဲ့လဲ မသိဘူး! ကျန့်အာ တခုခုဖြစ်ရင် မင်းတို့ခေါင်းတွေကို ဒီတောထဲဆွဲခဲ့မယ်!"

လီရှန်းထူပူသွားသောခဏတွင် တောဝက်ရဲ့ နာနာကျင်ကျင် စူးစူးရွားရွား အော်သံကို တချက်ကြားလိုက်သည်။ ခနနေတော့ ပစ်ကွင်းနားစောင့်နေတဲ့စစ်သားတွေရဲ့ လက်ဖျောက်တီးအော်သံတွေကိုကြားရသည်။

လီရှန်း မြင်းကို တချက်ဟန့်လိုက်ပြီး ပစ်ကွင်းနားချဉ်းကပ်သွားလိုက်သည်။ တွေ့ရတဲ့မြင်ကွင်းကြောင့် သွေးဆောင့်သွားသည်။

The Everlasting Love (Yizhan)Wo Geschichten leben. Entdecke jetzt