မောင်...သိပါစေ
🌸pann
Part ( 1 )
ရောင်စုံ မီးရောင်အောက် သံစဉ်တွေနဲ့ လိုက်ဖက်ညီစွာ....က ခုန်နေသော မိန်းကလေး တွေကြားထဲ...ဝီစကီပုလင်းလေးကိုင်ကာ
ဇေယျာ....ကခုန်၍ တိုးဝင်သွားသည်....သူဝင်သွားသည်နှင့် သူငယ်ချင်း တွေလည်း သူ့နောက်လိုက်၍ နေရာလွတ်လေး တစ်နေရာမှာ စုပြီး ကခုန်နေကြသည်...
ထိုအုပ်စုကြားထဲသို့...ကောင်မလေး တစ်ယောက် ကခုန်၍ ဇေယျာရင်ခွင်ကြားထဲ ဝင်လျက် သူ့လက်တွေက ဇေယျာ လည်တိုင်ကို ချိတ်ကာ တွန့်လိမ်နေအောင်....ကနေတော့...
ဇေယျာ ထိုမိန်းကလေး ကို တစ်ချက် ငုံ့ကြည်တော့... ထိုမိန်းကလေး က သူမ၏ ကောက်ကြောင်း အလှကို ပေါ်လွင်စေသော အဝတ်အစား များကို လိုက်ဖက်ညီစွာ ဝင်ဆင်ထားသော သူမ.....
နှုတ်ခမ်း မှာ အနီတောက်တောက်ကို ဆိုးထားသည်မှာ ပညာရှင် အဆင့်လောက်ရှိသည်..
ဆံပင် နီညိုရောင်လေးလည်း သူမ နှင့် လိုက်ဖက်ညီအောင် ရွေးခြယ် ထားတော့ သူမ ၏ အလှ က ထွန်းတောက်နေသည်"...ဟေ့...ချောလေး...ခင်ချင်လို့ ရမလား.."
ထိုမိန်းကလေး က ဇေယျာ့ နား နားသို့ လေသံလေးနဲ့ တိုးကပ်စွာ ပြောလိုက်သည်ဇေယျာ ၁ခွန်းတောင် ပြန်မပြောဘဲ...
သူမ ခါးလေးပေါ်သို့ လက်တင်ကာ...သံစဉ်အလိုက် ကခုန်လိုက်သည်.....
ဇေယျာ...ကခုန်ရင်း ဝီစကီပုလင်းကို မော့ရန်ပြင်တော့...."...ဟေ့...ဝီစကီထက် အရသာ ပိုပြင်း ပိုကောင်းတဲ့ စွဲမက်စရာ ကောင်းတဲ့ အရာလေး ဒို့ ပေးမယ်လေ..."
သူမ ၏ လက်တွေ ဇေယျာ့ လည်တိုင် ကနေ ဆံပင်တွေ ကို ထိုးဖွကာ....မျက်နှာ နီးကပ်လာတော့...
ဇေယျာ....သူ့ဆံပင်တွေပေါ် ကျူးကျော်လာတဲ့ လက်တစ်စုံကို ဆွဲဖယ်ကာ...
DU LIEST GERADE
မောင်..သိပါစေ ( Zawgyi)
Romantikသူ့ကို ကျွန်မ ချစ်နေတာလား.... သူ့ကို ကျွန်မ အနိုင်ယူနေတာလား.... သူ ကျွန်မ ကို အရမ်း ချစ်နေမှန်း သိလို့ .. ကျွန်မ. သူ့ကို အလေးမထားမိတာလား... သူ့ရဲ့ အချစ် ကို မြင်နေလျက်သားနဲ့ ဂရုမစိုက်ဘဲ ပစ်ထားခဲ့မိတာလား.... ကျွန်မ စိတ်ကို က...