မောင်..သိပါစေ
🌸pann
Part (20)
" ဇေ..သား ဘယ်သွားနေလို့ အခုမှ ပြန်လာတာလဲ သားသူငယ်ချင်း တွေကို ဖုန်းဆက်မေးတာ သူတို့ဆီလည်း မလာဘူးတဲ့ သားဘယ်သွားနေတာလဲ..အမေ. ရင်ပူလိုက်တာ "
" သား ဝင်စရာတစ်ခုရှိလို့ပါ..စိတ်မပူပါနဲ့ သား အပေါ်တက် နားတော့မယ် နော် "
ဇေ အပေါ်ထပ်ကိုသာ တက်နေ လိုက်သည် ။
မရယ်...ရက်စက်လိုက်တာ ဗျာ...
ဘာမပြောညာမပြောနဲ့ မောင့်ရှေ့ပျောက်သွားရလား ဗျာ..မ သိပ်ရက်စက်တယ် ။
ဇေ မျက်ရည် ကျမိသည်..။
မိန်းကလေး တစ်ယောက် ကြောင့် မျက်ရည် ကျဖူးတာပါ..အဲ့ မိန်းကလေး ကလည်း မ တစ်ယောက် ထဲသာ ရှိတာပါ မရယ်...။
.
ဇေ မနက်အစော ထပြီး မတို့အိမ်ရှေ့မှာ စောင့်နေဖို့ အိမ်မှ ထွက်ခဲ့သည်...။
မ အပြင်ထွက်လာတာ မမြင်ရရင်တောင် ခြံထဲမှာပဲ ဖြစ်ဖြစ် အိမ်ထဲမှာပဲဖြစ်ဖြစ် မ ရဲ့ ပုံရိပ် လေးကို မြင်ရရင် တော်ပါပြီ..။
အခုချိန် မ ကို စိတ်ကောက်ပြေအောင် ချော့ဖို့က နောက်...မမြင်ရတဲ့ မျက်နှာလေးကို အရမ်းမြင်ချင်နေတာမို့ မျက်နှာလေးပဲ တွေ့ရရင်ကို ကျေနပ်နေရပါမည်...။
ဇေ မ အိမ်ရှေ့ရောက်တော့ အခုထိ ပိတ်လျက်သား ဖြစ်နေတဲ့ အိမ်နဲ့ခြံ...ဒီလို ပိတ်ထားတာက မနဲ့ရန်ဖြစ်တဲ့ သောကြာနေ့ ညနေကတည်းက အခု တနင်္ဂနွေနေ့ မနက်ဖြစ်နေပြီ.. ။
သူတို့ အိမ် က အခုထိ ပိတ်လျက်သား...
မ ဇေ့ကို မုန်းလို့ အိမ်ပါပြောင်းသွားတာလား..မဟုတ်လောက်ပါဘူး..
ပြောင်းရွှေ့ရတာ အဲ့လောက်လွယ်တာမှတ်လို့
...မဟုတ်ဘူး ပြောင်းလည်းပြောင်းသွားနိုင်တာပဲ လေ တကယ်ပြောင်းသွားတာလား ဇေ တကယ်မနေနိုင်တော့...မ သာ ပြောင်းသွားရင် ဇေ ဘယ်ကိုလိုက်ရမှာလဲ မ ဖုန်းကလည်း ဇေ့နားမှာ...ဖုန်းပြန်ယူဖို့ ဇေ့နားပြန်လာနိုင်ဦးမလား...မဟုတ်သေးဘူး
ESTÁS LEYENDO
မောင်..သိပါစေ ( Zawgyi)
Romanceသူ့ကို ကျွန်မ ချစ်နေတာလား.... သူ့ကို ကျွန်မ အနိုင်ယူနေတာလား.... သူ ကျွန်မ ကို အရမ်း ချစ်နေမှန်း သိလို့ .. ကျွန်မ. သူ့ကို အလေးမထားမိတာလား... သူ့ရဲ့ အချစ် ကို မြင်နေလျက်သားနဲ့ ဂရုမစိုက်ဘဲ ပစ်ထားခဲ့မိတာလား.... ကျွန်မ စိတ်ကို က...