Part (5)

462 21 0
                                    

မောင်​...သိပါ​စေ

🌸pann

Part ( 5 )

လက်​တို့ ပုဂံကိုလည်​ပြီး ပုပ္ပါး ​တောင်​ဘက်​ လှည့်​ဝင်​ပြီး ဘုရားဖူးခဲ့သည်​...

အမှတ်​တရ လက်​​ဆောင်​ ပစ္စည်း ဝယ်​ရ​အောင်​ ဘာဝယ်​​ပေးသွားရမှန်း မသိ...။

ဇေ့ ကို ပုပ္ပါး ​ရောက်​ အမှတ်​တရ အကျီ င်္​ပေး​တော့လည်း မ​ကောင်း..
ပေးပါပြီတဲ့...သူ့လို သူ​ဋ္ဌေးသားက ဝတ်​ပါ့မလား..
စကားဝါ ပန်း ပုလင်း​ပေးတာလည်း မ​ကောင်း..
သူ့ကားထဲမှာ အ​ကောင်းစား​ရေ​မွှေးပုလင်းက အပြည့်​...
ယောကျာ်း​လေးဆို​တော့ ဘာ​ပေးလို့​ပေးရမှန်းမသိ..တစ်​ခါမှ ​ယောကျာ်း​လေး တစ်​​ယောက်​ကို လက်​​ဆောင်​ ​ပေးဖူးတာလည်း မဟုတ်​...။
လက်​ အ​တွေးများရင်း အခုထိ ဘာလက်​​ဆောင်​မှ မဝယ်​ရ​သေး...။

ကျောက်​စိမ်း လက်​စွပ်​ ​တွေ . ​ကျောက်​စိမ်း လက်​​ကောက်​​ ​တွေ . ​ရွှေ​ရောင်​ သွင်းထားတဲ့ ဆွဲကြိုး . လက်​​ကောက်​ . လက်​စွပ်
ဒါ​တွေလည်း ​ပေးလို့ မ​ကောင်း...။

မြင်​မြင်​သမျှ ဆိုင်​ကို ကြည့်​လိုက်​ မှတ်​ချက်​ ​ပေးလိုက်​ ဖြင့်​ လက်​ထဲ ဘာပစ္စည်း မှ မရ​သေး...

လမ်းဆက်​​လျှောက်​ရင်း...​ကျောက်​စိမ်း​သော့ချိတ်​​လေး ​ကောင်​မ​လေးနဲ့​ကောင်​​လေး လက်​ချင်းယှက်​ကာ နှုတ်​ခမ်း ချင်းထိ​နေ​သော ပုံရှိသည့်​..​သော့ချိတ်​​လေး...
ပုံလည်းဆန်း...​ကျောက်​စိမ်း​လေးလည်း ဖြစ်​..ချစ်​ဖို့လည်း ​ကောင်းသည်​နှင့်​..

"...အမ...ဒါ တစ်​ခု ဘယ်​​လောက်​လဲ..."

"..တစ်​ခု သုံးရာ နှစ်​ခု ယူ ငါးရာ ပဲရှင့်​.."

"...နှစ်​ခု ယူမယ်​ရှင့်​..."

ပွင့်​ရုပ်​ နှစ်​ခု ဝယ်​လိုက်​သည်​..

ကျန်​တာ ဘာမှ မဝယ်​ဖြစ်​..

ဝယ်​ဖို့ ​ခြေလှမ်း​တွေ တခြားဘက်​ ဦးတည်​လိုက်​​တော့..

"..သမီး...ပြန်​ကြရ​အောင်​​လေ..."

"..ရှင်​...ဟုတ်​ကဲ့..."

မောင်..သိပါစေ ( Zawgyi)Where stories live. Discover now