Part (4)

545 23 0
                                    

မောင်​...သိပါ​စေ

🌸pann

Part ( 4 )

ဘုတ်​...

"...အမ​လေး...လန့်​တာ မင်းတို့ကလည်း..."

"...​ဟျောင့်​...အခုမှ လန့်​သ​လေး ​ကြောက်​သ​လေး လုပ်​မ​နေနဲ့...​ပြောပါဦး...အခုတ​လော ​ပျောက်​ချက်​သား ​ကောင်း​နေတာ​လေး..."

"...ဟုတ်​ပါ့..မင်း ဘယ်​​ရောက်​​နေတာလဲ..."

"...ငါ...ဘယ်​မှ မ​ရောက်​ပါဘူးကွ..."

ဇေ ပြုံးစိစိ ဖြင့်​ ပြန်​​ဖြေ​နေ​တော့...

"...​ဇေ...ပြုံးစိစိ လုပ်​မ​နေနဲ့​နော်​...ဆွဲထိုးလိုက်​မယ်​.."

"...မင်းတို့ကလည်း ငါ့ကိုပဲ ဖြဲ​ခြောက်​​နေတာ..."

"...မင်း လုပ်​ပုံ က​ရော ​ကောင်းလို့လား.."

"...စကား ရှည်​မ​နေနဲ့...​ဇေ...ငါတို့ ​မေးတာသာ ​ဖြေ..."

"...ငါ လက်​ဆီ ​ရောက်​​နေလို့..."

"..မင်း လက်​က ဘယ်​​ရောက်​ သွားလို့လဲ.."

ဇေယျာ လက်​ကို ကြည့်​ပြီး ​မေး​နေကြ​တော့...

"...ငါ့လက်​က ဘယ်​သွားရမှာလဲ..."

"...မသိဘူး​လေ..မင်းပဲ မင်းလက်​ဆီ ကို ​ရောက်​​နေလို့ဆို.."

"...ဟာ..ငါ​ပြောတဲ့ လက်​ က လင်း လက်​ သံ စဉ်​ ဆီ ​ရောက်​​နေတာလို့ ​ပြောတာ..."

"...သိသားပဲ..."

"...အမြင်​ကပ်​လို့ ရွဲ့ ​မေးတာ..."

"...မင်းတို့ကလည်းကွာ..​​သိရဲ့သားနဲ့ များ..."

"...​ဇေ မင်းတို့ကလည်းကွာ  ငါတို့ ကလည်းကွာ
လုပ်​မ​နေနဲ့..မင်း ​ရေ့စ်​ကို ဖြတ်​လိုက်​တယ်​ဆို..."

"...​အေး​လေ...ဘာဖြစ်​လို့လဲ..."

"...ဘာဖြစ်​ရမှာလဲ ဟိုက မင်းကို မရရ​အောင်​ ယူပြမယ်​လို့ ကျိန်း​နေတယ်​ ကြားလို့..."

"...သူ့ကိုယ်​သူ ဘာ​ပြော​ပြော ငါ စိတ်​မဝင်​စားဘူး...ဒါ​ပေမယ့်​ သူ ငါ့ကို ဒီဘဝ မှ မဟုတ်​ဘူး
နောင်​ 10 ဘဝ ထိ သူ ငါ့လူ ဖြစ်​မှာ မဟုတ်​ဘူး..ငါကလည်း သူ့လူ ဖြစ်​မှာ မဟုတ်​ဘူး လို့..."

မောင်..သိပါစေ ( Zawgyi)Where stories live. Discover now