မောင်...သိပါစေ
🌸pann
Part ( 8 )
"...လက်...ဇေ ရောက်နေပြီ..."
"...အင်းအင်း...လာခဲ့မယ်နော်..."
လက် ဖုန်းချပြီး အိတ်ယူကာ ထွက်ခဲ့သည်....
"...မေ့...သမီး အပြင်ခဏ သွားလိုက်ဦးမယ် နော်..."
"...သွားလေ...သမီး အပြန်တော့ နောက်မကျစေနဲ့နော်..."
"...ဟုတ် မေ...သွားပြီ..."
လက်...ခြံတံခါးစိပြီး ဇေ့ ကားဆီ အမြန်လျှောက်သွားလိုက်သည်...
ဇေ..ကားပေါ်ကနေ မိုးပြာရောင် ဝမ်းဆက်လေးနှင့် လှနေသော သူမကို...ငေးကြည့်နေမိသည်..
ဂျလောက်~~~~
ကားတံခါးဖွင့်သံနှင့်အတူ ထိုင်ခုံ မှာ သူမလေးဝင်ထိုင်နေပြီ...
ဇေ့ကို အပြုံးလေးတစ်ပွင့် ပေးကာ...ကားတံခါးပြန်ပိတ်ပြီး ခါးပတ်ကြိုးသိုင်းတပ်ကာ ကိုယ်ကို မတ်မတ်လေး ထိုင်နေပြန်သည်...
"...ဇေ...သွားမယ် လေ..."
"...ဟင်...အင်း..."
ခေါင်းလျှော်လာသည် ထင်၏...ကားထဲမှာ ရှန်ပူ အနံ့ သင်းပျံ့ပျံ့လေးက...လူကို ကျီစယ် နေ သယောင်ယောင်...
သူမကိုယ်သင်းနံ့ပဲလား....တစ်ခုခု ဆွတ်ဖျန်းလာသည်လား...ဇေ မသိ...
ဇေ ရနေတဲ့ အနံ့က သင်းသင်းလေး နဲ့ ယဉ်ယဉ်လေး...အနံ့မရိုင်း...
တခြားမိန်းကလေးတွေဆိုရင် ရေမွှေးအိုးထဲ ဇောက်ထိုးများ မှောက်ကျလာသည်ဟု ထင်ရလောက်အောင် တစ်ကိုယ်လုံး...ခြေဆုံးခေါင်းဆုံးဆွတ်ဖျန်းနေကြတာ...သူတို့နားရောက်ရင် လူက မူးချင်သလိုလို ယိုင်လဲ ချင်သလိုလို ဖြစ်ကာ...အော်ဂလီဆန် ပြီး ထွက်ပြေးချင်တဲ့ စိတ်ဖြစ်တာကို သူတို့ကသူတို့ အလှ . သူတို့ ရေမွှေးဆွတ်ဖျန်းလာတဲ့ အနံ့မှာ ယောကျာ်းထုက မေ့မောလောက်အောင် တပ်မက်သည်ဟု သူတို့ကိုယ်သူတို့ ဂုဏ်ယူ ဝံ့ကြွားစွာ ပြောတတ်ကြသည်...ကိုလည်း ရယ်ချင်မိပါ၏....
YOU ARE READING
မောင်..သိပါစေ ( Zawgyi)
Romanceသူ့ကို ကျွန်မ ချစ်နေတာလား.... သူ့ကို ကျွန်မ အနိုင်ယူနေတာလား.... သူ ကျွန်မ ကို အရမ်း ချစ်နေမှန်း သိလို့ .. ကျွန်မ. သူ့ကို အလေးမထားမိတာလား... သူ့ရဲ့ အချစ် ကို မြင်နေလျက်သားနဲ့ ဂရုမစိုက်ဘဲ ပစ်ထားခဲ့မိတာလား.... ကျွန်မ စိတ်ကို က...