မောင်...သိပါစေ
🌸pann
Part ( 10 )
"...ဖေ့..."
" ...သား ဒီနေ့ အိမ်ကပ်လို့ပါလား..."
"...ဇေ...အပြင်သွားမလို့ပါ...အဖေရ...အဖေပဲ ဇေ့မျက်နှာ မမြင်ရလို့ဆို...."
"...ဟားဟား...ဇေ ..သားက အဖေ့ကို ရွဲ့တာလား..."
"...မဟုတ်တာ အဖေရာ...ရွဲ့စရာလား...အဖေ့ကို.."
"...ပြီးတာပဲ.. သွားမှာလား...သွားတော့လေ...ပြန်လာရင် စောစော ပြန်လာခဲ့ဦး..."
"...ဟုတ် ဖေ...ဇေ သွားပြီ..."
ဒေါ်ကလျာ မီးဖိုခန်း မှ ထွက်လာသည်...
"...ကိုကျော်...ပြန်လာပြီလား...ပေး အိတ်..."
"...အင်း..."
"...ထမင်း စားတော့ မလား..."
"...မစားသေးပါဘူးကွာ..."
"...ဒါဆို စကား ခဏပြောရအောင်..."
"...ဘာပြောမလို့လဲ..."
"...လာပါ..."
ဒေါ်ကလျာ...ခင်ပွန်း ဖြစ်သူ ဦးကျော်ဝဏ္ဏ လက်ကို အတင်းဆွဲကာ ဆိုဖာမှာ ထိုင်စေသည်...
"...ဘာပြောမလို့လဲ..."
"...သား အကြောင်းပေါ့..."
"...သားက ဘာဖြစ်လို့လဲ..."
"...သား အခုတလော ခြေလှမ်းတွေ ငြိမ်နေတယ်..."
"...အော်...ခက်ပါရဲ့...သား ခြေလှမ်း ငြိမ်တာကို မကျေမနပ် ဖြစ်ရတယ်လို့..."
"...ကိုကျော်းး...."
" ဘာလို့ အော်နေတာလဲ ကွာ...ကလေး လည်း မဟုတ်ဘူး...အချစ်တွေ စမ်းချင်မနေနဲ့..."
"...ကျွန်မ အကောင်းပြောမလို့ပါ..."
"...ကိုယ် က အဆိုးပြောနေလို့လား..."
"...ကဲပါ...နားထောင် ဦး...သား အရင်လို အပြင်သိပ်မထွက်ဘူး...အိမ်မှာပဲ ကပ်နေတာ...မနက် အစောကြီး မထတတ်တဲ့ သားက အခုဆို မနက်အစောကြီး ထပြီး...အပြင်ကို ကားတစ်စီးနဲ့ ထွက်သွား ပြီ...ပြီး လျှောက်မသွားဘဲ အိမ်ကိုပြန်လာတယ်...အိမ်မှာပဲ နေတယ်...ပြီးရင် ညနေ သုံးနာရီ ဒေါင်ဆိုတာနဲ့ အပြင်ထွက်သွား ပြန်ပြီ...ပြီးရင် ငါးနာရီ ကျော်လောက်ဆို ပြန်လာပြီ..."
VOCÊ ESTÁ LENDO
မောင်..သိပါစေ ( Zawgyi)
Romanceသူ့ကို ကျွန်မ ချစ်နေတာလား.... သူ့ကို ကျွန်မ အနိုင်ယူနေတာလား.... သူ ကျွန်မ ကို အရမ်း ချစ်နေမှန်း သိလို့ .. ကျွန်မ. သူ့ကို အလေးမထားမိတာလား... သူ့ရဲ့ အချစ် ကို မြင်နေလျက်သားနဲ့ ဂရုမစိုက်ဘဲ ပစ်ထားခဲ့မိတာလား.... ကျွန်မ စိတ်ကို က...