Part (26) final

1.3K 41 1
                                    

မောင်...သိပါစေ

🌸pann

Part (26)

final...

ဒီနေ့ဆို မ ဇေ့ကို ထားပြီး ထွက်သွား ခဲ့တာ သုံးလ တောင် ရှိခဲ့ပြီ..။

ဇေ့ရင်ထဲက စကားတွေ မ မကြားသွားခဲ့သလို သိလည်းမသိသွားခဲ့ဘူး..။

မ ကို သိပ်ချစ်ကြောင်း ပြောပြချင်ခဲ့တာ..။

မ ကို သိပ်ချစ်ပြီး သဝန်တို ဒေါသထွက်မိလို့ ပြောဆိုခဲ့ မိတာတွေကို တောင်းပန်ချင်ခဲ့တာ..။

မ နဲ့အတူ သေတပန်သက်တဆုံး တိုင် အတူ လက်တွဲချင်ခဲ့တာ...။

ဘယ် မိန်းကလေး ကိုမှ ချစ်ကြောင်း ပြောပြီး တွဲခဲ့တာ မရှိဘူး..သူတို့ လာအီလို့ ပြန်အီတာပဲ ရှိခဲ့တာ ။

မ က ဇေ့ရဲ့အချစ်နတ်သမီးပါ..။

အချစ်နတ်က ဇေ့အချစ်ကို ဖမ်းစားပြီး သူမနဲ့အတူ ပါသွားကတည်းက ဇေ ဘယ်မိန်းကလေးကိုမှ ချစ်တော့မည် မဟုတ်ပါ..။

မ သိလား...မ မကြိုက်တဲ့ ဘီယာ အရက် မူးယစ်စေတဲ့ ဘယ်အရာကိုမှ ဇေ မသောက်တော့ပါ..ဒါ မ ကို သိပ်ချစ်လို့ ။

မ သိလား..ဇေ ဒေါသနောက် မလိုက်တော့ပါဘူး အရာရာကို အေးဆေးတည်ငြိမ်စွာနဲ့ပဲ ဖြေရှင်းတတ်နေပါပြီ မ သင်ပြပေးခဲ့လို့လေ..ကျေးဇူးပါ မ..။

အရင် လ ကပဲ ကုမ္ပဏီ ရဲ့ ceo ရာထူး ကို မောင် ဆက်ခံရတယ်..။

မ မောင့်ကို ပေးလိုက်တဲ့ ဘဝ မှာ စိတ်သစ်လူသစ် နဲ့ အရာရာကို ဖြတ်သန်းနေပါပြီ..။

မောင် မ နောက်လိုက်လာမယ် လုပ်တော့ မလိုက်ဖို့ တားတဲ့ မ ကြောင့် မ ကို သိပ်ချစ်လို့ မ ရဲ့စကား ဇေ လိုက်နာလို့ မလိုက်ခဲ့ဘူးလေ..။

ဒါပေမယ့် အချိန် အကန့်အသတ် တော့ ရှိတယ်..မ ။

တစ်နေ့ မောင်..မ ဆီ လိုက်လာခဲ့မှာ မယုံမရှိနဲ့..

" သူဋ္ဌေး..အစည်းဝေး စ​တော့မယ် "

" အင်း..လာပြီ "

အဖေ ဇေ့ကို ရာထူး လွှဲလိုက်ပြီး ကတည်းက ကိုထွန်းလွင် ကပဲ ဇေ့ရဲ့အထွေထွေ အတွင်းရေးမှူးရာထူး ကို ဆက်ခံခဲ့တယ်..။

မောင်..သိပါစေ ( Zawgyi)Where stories live. Discover now