မောင်...သိပါစေ
🌸pann
Part (24)
မောင်..မသွားပါနဲ့..။
လက် တားနေလည်း မောင် ကျောခိုင်းထွက်သွားပြီ..
လက် ကိုတောင် လှည့်မကြည့်ဘူး..။
မောင့်..မသွားပါနဲ့..
လက် မောင့်လက်ဆွဲလည်း မောင် ကျောခိုင်းထွက်သွားတယ်..။
လက် ကို သနားပါ..မောင်ရယ် ။
မစိမ်းကားလိုက်ပါနဲ့..
လက် ဒါ နောက်ဆုံး လာတွေ့တာပါ မောင်ရယ်.. မောင့် မျက်နှာလေး မြင်ချင်လွန်းလို့ပါ မောင်ရယ် ။
မောင် ကြားလားလို့.. ။
လက် ခေါ်နေတယ်လေ..မောင် ။
မောင့်မျက်နှာလေး ပေးတွေ့ပါ..မောင့်ရဲ့မျက်နှာလေးကို မြင်ခွင့်ပြုပါ မောင်ရယ် ။
မောင်..မကြားဘူး..။
လက် အော်ခေါ်နေတာတောင် မောင် လှည့်မကြည့်လာဘူး မောင်ရယ် ။
လက် ကို အဲ့လောက်တောင် မုန်းသွားပြီ လား..
လက် မမျှော်လင့်တော့ပါဘူး မောင်ရယ်..။
သွားပါ မောင်ရယ်..
သွားပါ ။
တီ.....တီ.......တီ...
" သမီး.........................ဟင့် ဟင့် "
" သမီး............... "
စက်သံတွေရယ် အဖေနဲ့အမေ ရဲ့အသံတွေရယ်...။
လက် ကြားနေရသည်...။
လက် ပြုံးပြချင်လည်း မပြုံးပြနိုင်ဘူး..။
အမေ တို့ရယ်..ပြုံးမပြနိုင်တာ ခွင့်လွှတ်ပါ..။
မောင်ရော..
မလာသေးဘူးလား...သူ့ မျက်နှာလေး နောက်ဆုံး တွေ့ချင်လို့ပါ ။
ဒုတ်..ဒုတ်...
" ဒုတ်...ဒုတ် "
" နှလုံး ပြန်ခုန်လာပြီ..."
" ဒါပေမယ့် ပုံမှန်တော့ မဟုတ်သေးဘူး ဆရာ.."
" နှေးနေတာပဲ. "
" ဟုတ် "
" ဆရာ..ကျွန်မ သမီးလေး.."
" သတိတော့ ပြန်ရပါတယ်..ဒါပေမယ့် သူ့နှလုံးခုန်သံတော့ မကြိုက်သေးဘူး ဗျ အခြေအနေ စောင့်ကြည့်ရဦးမယ် အရမ်းကြီးတော့ မမျှော်လင့်ထားပါနဲ့လို့တော့ ပြောချင်ပါတယ် ဗျ..ခွင့်ပြုပါဦး "
![](https://img.wattpad.com/cover/209987384-288-k596957.jpg)
YOU ARE READING
မောင်..သိပါစေ ( Zawgyi)
Romanceသူ့ကို ကျွန်မ ချစ်နေတာလား.... သူ့ကို ကျွန်မ အနိုင်ယူနေတာလား.... သူ ကျွန်မ ကို အရမ်း ချစ်နေမှန်း သိလို့ .. ကျွန်မ. သူ့ကို အလေးမထားမိတာလား... သူ့ရဲ့ အချစ် ကို မြင်နေလျက်သားနဲ့ ဂရုမစိုက်ဘဲ ပစ်ထားခဲ့မိတာလား.... ကျွန်မ စိတ်ကို က...