ခေါင်းတခေါင်းလုံးက ဆံပင်တွေကို အပြာရောင်ဆိုး
ထားတဲ့ကောင်လေးကြောင့် ချန်းယောလ် မျက်လုံး
ထဲ ကန့်လန့်ဖြစ်နေသည် ။ လူကို သိသိသာသာ
သော်လည်းကောင်း ၊ မသိမသာသော်လည်းကောင်း
ကြည့်ကြည့်တတ်တဲ့ ကောင်လေးကို ချန်းယောလ်
မသိမသာသာ နေပြလိုက်သည် ။ အဖြူရောင် တီရှပ်
ကလေးနှင့် အသားရောင်ဘောင်းဘီတိုလေးက ဒူး
အထိသာ ရှည်သည် ။ ထိုင်နေပြန်တော့ ဒူးအထိ
ဘောင်းဘီက တိုတက်တာ ပေါင်အလယ်နား မ
ရောက်တရောက် ဖြစ်တော့သည် ။ ကာဗာအနက်
ရောင် တပ်ထားတဲ့ ဖုန်းကိုကိုင်ထားတဲ့ လက်နှစ်
ဖက်က လက်ချောင်းသွယ်သွယ်လေးတွေဆီကိုတော့
ချန်းယောလ် အကြည့်ရောက်သွားမိသည် ။ မိန်းက
လေး ရှုံးလောက်အောင် သိပ်လှတဲ့ လက်သွယ်သွယ်
လေးတွေကြောင့် ချန်းယောလ် အကြည့်မလွှဲမိ ။
လက်မလေးမှာ မှဲ့ကလေးပင် ရှိနေတာကို သူ စေ့စေ့
စပ်စပ်ပင် သတိထားမိသည့်အထိ ။" သားရယ် ကလေးက တောင်းပန်နေပြီပဲ စိတ်မဆိုး
ပါနဲ့တော့ ဘတ်ဟျွန်းနီလေးက ပျော်တတ်လို့ပါ "မျက်တောင် နှစ်ချက်သုံးချက်ဆင့်ခတ်ကာ နူတ်ခမ်းစူ
ပါးဖောင်းပြလာတဲ့ ကောင်လေးကို ချန်းယောလ်မျက်
နှာ လွှဲထားပစ်သည် ။ သေးသေးကွေးကွေး ခန္ဓာကိုယ်လေးနဲ့ ဂုတ်ကဆွဲပြီး လွင့်ပစ်ချင်စရာ ကောင်လေး၊
မနေ့ကမှ တွေ့တဲ့ လူတယောက်ကို မောင် လို့ခေါ်ပြီး
မဟုတ်တမ်းစကားတွေကို ရုပ်တည်ကြီးနဲ့ သရုပ်
ဆောင်ပြသွားလိုက်တာများ ဆုပေးပွဲတောင် ကျင်းပ
ပြီး ချီးမြှင့်ချင်စရာလေး ။ ဒီကနေ့မှ အိမ်အထိလာပြီး
မေမေ့ကို စစ်ကူခေါ် သားမှားပါတယ်လို့ လက်အုပ်
တချီချီ ၊ မျက်တောင် တဖျတ်ဖျတ်ခတ် နူတ်ခမ်းစူပြ၊
ပါးဖောင်းပြနဲ့ လာလုပ်နေတဲ့ ကောင်ကလေး ။" တကယ်တော့ ကိုကိုက စချင်စရာကောင်းလို့ သား
က စ,လိုက်တာပါ စိတ်မဆိုးနဲ့နော် ကိုကို "" သားရယ် ကလေးက မနက်ထဲက အစောကြီးလာ
ပြီး တောင်းပန်နေရှာတာ ၊ အမှားလုပ်ထားတာကို
သိလို့ ဒီလိုတောင်းပန်တတ်တဲ့ကလေးမျိုး ရှားတယ်
သိလား ရှားတယ် ခွင့်လွှတ်လိုက်ပါ "