[ သတိ - ရည်းစားလိုချင်တတ်သည် ⚠ ]
ဖတ်ပြီးလျှင် ဖြစ်လာမည့်ပြသာနာများအား စာရေးသူ
မှ တာဝန်ယူပေးမည်မဟုတ်ပါ ♥___________________________________
နီးကပ်လာတဲ့ လက်ထပ်ပွဲက လက်တကမ်းအလိုသို့
ရောက်ရှိလာတော့ ရင်တွေခုန်ပြီး အပျော်တွေက ဖုံး
မဖိမရအောင် မောင့်ကို ကောင်းကောင်း နှောင့်ယှက်ပြီ ။ မေမေတို့ကတော့ လက်ထပ်ပွဲအတွက် အ
ကောင်းဆုံး ပြင်ဆင်နေပြီး အလုပ် တော်တော် ရှုပ်
နေကြတယ် ။ ဘတ်ဟျွန်းနီနဲ့တူတူ ဝတ်စုံ သွားကြည့်
တော့ ရွေးချယ်လိုက်တဲ့ အဖြူဝတ်စုံကလေးနဲ့မောင့်
ခေါင်းပြာလေးက လိုက်လိုက်ဖက်ဖက် ။ဆိုင်ဝန်ထမ်း
မိန်းကလေးတွေဆီက ခေါင်းပြာလေးကို ချစ်ဖို့
ကောင်းလိုက်တာလို့ တီးတိုးပြောသံတွေကြားတော့
မောင့်မှာ ပြုံးမိတယ် ။ တကယ်လဲ မောင့်ခေါင်းပြာ
လေးက ချစ်စရာကောင်းနေသည်လေ ။" ဆံပင်အရောင်ကို အနက်ပြန်ဆိုးမလား ဘတ်
ဟျွန်းနီလေး ဘယ်လိုလုပ်ဦးမလဲ "" ဟာ မဆိုးနဲ့ ဒီအတိုင်းလေးပဲထား "
အရေးကြီးထိတ်ပြာ ဝင်ပြောတဲ့ ချန်းယောလ်ကြောင့်
ဘတ်ဟျွန်းနီးလေးရဲ့မမက မျက်စောင်းထိုးတယ်။သူ့
ချစ်စရာ မောင်ငယ်လေးကို ပိုင်စိုးပိုင်နင်း ပုခုံးဆွဲဖက်
တဲ့ ချန်းယောလ်ရဲ့လက်ကို ရိုက်ပစ်လိုက်ပြီး မောင်
ဖြစ်သူကို သူ့ဘက်ကို ပြန်ဆွဲယူပစ်လိုက်တော့တယ်။" မောင်က ဒီပုံစံကို သဘောကျရင် အနက် ပြန်မ
ဆိုးတော့ဘူး မောင် ကြိုက်တယ်မလား "" အင်း မောင် ကြိုက်တယ် ဘတ်ဟျွန်းနီကို"
ရွှန်းရွှန်းဝေတဲ့ အကြည့်တွေနဲ့ ခေါင်းပြာလေးကိုကြ
ည့်ပြီး ချန်းယောလ် ပြုံးဖြီးကာ ဖြေလိုက်တော့ ခေါင်းပြာလေးက ပါးမို့မို့လေးတွေ ပေါ်လာတဲ့အထိကို
ရယ်ပစ်တယ် ။ မမ ရှိနေတဲ့အပြင် ဘေးမှာ ဆိုင်ဝန်
ထမ်း အမတွေပါ ရှိနေတာကို သတိထားမိသွားတော့
မှပဲ " မောင်ကလဲဗျာ " လို့ လူကို လာရိုက်တယ် ။" နင် ဘာလို့ဗြုန်းစားကြီး လက်ထပ်ချင်မှန်းကို ငါ
နားမလည်တော့ဘူး ကျောင်းပြီးမှစီစဉ်ပါတော့လား "