ည ၁၁နာရီကျော်မှ တရှုံ့ ရှုံ့ ငိုနေတဲ့ ဘတ်ဟျွန်းနီ
ကို ချန်းယောလ်ကိုယ်တိုင် ကားမောင်းပြီး ပြန်ပို့ပေး
ရသည် ။ အလာတုန်းက အိမ်ကခိုးထွက်ပြီး တက္ကစီ
အပြေးတားပြီး ရောက်ချလာတဲ့ ကောင်လေးက အခု
မှ မေမေဆူမှာကြောက်လို့ မောင်ကိုယ်တိုင် လိုက်ပို့
ပေးပါတဲ့ ။ ချန်းယောလ်မှာ မငြင်းရက်တာထက် မ
ငြင်းရဲတာဆို ပိုမှန်လိမ့်မယ် ။ မောင်မှ လိုက်မပို့ရင်
မပြန်ပါဘူးလို့ ဂျီကျပြီးထပ်ငိုရင် မေမေက ဆူပူကြိမ်း
မောင်းလာတော့မှာ ။ အဲ့ဒီခေါင်းပြာလေးက အိမ်က
မေမေရဲ့ အသည်းအသက်လေး မဟုတ်လား ။
သူ့အသည်းအသက်လေး မျက်နှာတချက်မဲ့ရင် ကိုယ့်
ကျောတချက်အထုခံရမည် ။ ည ၁၂နာရီထိုးခါနီးမှ
ခေါင်းပြာလေးရဲ့ အိမ်ကို ရောက်သွားရတော့သည် ။" အားနာလိုက်တာ သားရယ် နောက်ကျနေမှကွယ်
ကားကို ဂရုစိုက်မောင်းဦး သား အန်တီဖြင့် အား
နာလို့ ဘာပြောရမှန်းတောင် မသိတော့ဘူးကွယ် "" ရပါတယ် အန်တီ ကျွန်တော် ပြန်လိုက်ပါဦးမယ်"
ခေါင်းပြာလေးရဲ့မေမေကို နူတ်ဆက်လိုက်တော့ အဲ့
ဒီကောင်လေးက ကလေးလေးလို အန်တီရဲ့လက်
တဖက်ကို ဖက်တွယ်ကာ မျက်နှာငယ်လေးနဲ့ လူကို
ကြည့်နေသေးသည် ။ ချန်းယောလ် နောက်တခါ ဒီ
လို မလုပ်နဲ့လို့ ဆူပူပစ်လိုက်ချင်ပေမဲ့ ခေါင်းပြာလေး
ရဲ့ မေမေက ရှိနေသေးသည် ။" မောင် ကားကိုဂရုစိုက်မောင်းနော် ပြန်ရောက်ရင်
လဲ ပြန်ရောက်ကြောင်း စာလေးတစောင်တော့ ပို့
နော် ဘတ်ဟျွန်းနီ စိတ်ပူလို့ပါ "အိမ်ရှေ့ထိလိုက်လာပြီး တတွတ်တွတ်ပြောတဲ့ ခေါင်းပြာလေးကို ချန်းယောလ် ဆူပူပစ်လိုက်ချင်သည်။
နောက်တခါ ညအချိန်မတော်ကြီး ငိုယိုပြီး အိမ်အထိ
လိုက်မလာစမ်းနဲ့လို့ ဆူပစ်ချင်သည် ။ သို့သော်လည်း
မျက်နှာငယ်လေးနဲ့ တမောင်မောင်လာလုပ်ပြသည်က
ချွဲတဲ့နေရာမှာ နှစ်ယောက်မရှိအောင် တော်သည် ။
ကားမောင်းထွက်လာပြီး ကားမှန်ကနေ တဆင့်
ကြည့်တော့ အိမ်ထဲ ပြန်ဝင်သွားတဲ့ ကောင်လေး
ကြောင့် ချန်းယောလ် ပြုံးမိသည် ။ တကယ့် အဆိုး
လေး ။ လုပ်ချင်ရာ လုပ်တတ်တဲ့ ခေါင်းပြာလေး ။
သူကတော့ ထိန်းပေတော့ပဲ ထင်ပါတယ် ။