အနမ်းခံလိုက်ရတဲ့ ပါးတဖက်ကြောင့် ကိုယ့်မှာ တ
ညလုံး အိပ်မပျော်နိုင်အောင် ဒုက္ခရောက်ရသည် ။
မျက်လုံးတွေ မှိတ်လိုက်တိုင်း ပေါ်လာတတ်တဲ့ ခေါင်းပြာလေးကြောင့် အိပ်ယာထဲ ဘယ်ညာလူးလိမ့်နေ
ရသည် ။ ရဲတင်းလွန်းတဲ့ ခေါင်းပြာလေးကို ဝေးဝေး
ရှောင်မှ တော်ခါကျလိမ့်မည် ။ ဒီလိုပုံစံမျိုးနဲ့သာ လက်ထပ်ပြီး တူတူနေရရင် အိပ်မပျော် စားမဝင်တွေ
ဖြစ်နိုင်လောက်မည် ။ စတွေ့တဲ့နေထဲက အခုထိ
မောင်လို့ခေါ်ပြီး ရင်တွေခုန်အောင် ပြုစားနေပြန်
သည် ။ ချစ်မိနေသလား လန့်မိနေသလားတောင်
ကိုယ့်မှာ သည်းသည်းကွဲကွဲ မသိတော့ဘူး ။ တွေ့
လဲ တွေ့ချင်ပေမဲ့ ၊ တွေ့ပြန်ရင်လဲ ထွက်ပြေးချင်တဲ့
အထိပင် ။ ကံကောင်းတာက ဒီနေ့မနက်တော့
ကျောင်းအတူသွားဖို့ ခေါင်းပြာလေး ရောက်မလာခဲ့
ဘူး ။ကံကောင်းတယ်လို့ ထင်မှတ်မိပေမဲ့ တက္ကသိုလ်ဝန်း
ထဲ အရောက်မှာ ခေါင်းပြာလေးကို ဆယ်ဟွန်းနီးဆို
တဲ့ တယောက်နဲ့ ပူးပူးတွဲတွဲတွေ့လိုက်ရတော့ စိတ်
က မကျေမနပ်ဖြစ်လာသည် ။ ခေါင်းပြာလေးက အဲ့
ဒီကောင်ရဲ့ လက်မောင်းကို ဖက်တွယ်ကာ တခုခုကို
ချော့မော့ပြောနေသည့်ပုံစံ ။" အခုမှ ဂျေဝင်နေတဲ့ရုပ်ကြီးလုပ်မနေနဲ့ ပါသွားမယ်
နော် ချစ်နေရင်လဲ ဖွင့်ပြောပြီး တွဲလိုက်ကြတော့ "ရှီးယောင်း က ပုခုံးကို လာဖက်ကာ အကြံပေးသည်။
မြင်နေရတဲ့ ခေါင်းပြာလေးကို လစ်လျူရှူ ကျောခိုင်း
ပစ်လိုက်ကာ အတန်းဘက်ကို ခြေလှမ်းကျဲကြီးတွေ
နဲ့ ထွက်လာလိုက်တော့သည် ။ သိပ်ဆိုးတဲ့ခေါင်းပြာ
လေး ။ အခုတော့ မောင့်အနားတောင် မလာနိုင်
တော့ဘူး ။ လာခေါ်လှည့်ပါဦး " မောင် " လို့ ။
မနေ့ကတော့ လူကို ရင်ခုန်အောင် လက်ရဲဇက်ရဲ အ
နမ်းပေးပြီးသွားတော့ ဒီကနေ့တော့ သူမဟုတ်သလို
အနားကိုတောင် ရောက်မလာတော့ဘူး ။ အတန်းထဲ
မဝင်ခင် တခါလောက် လှည့်ကြည့်မိလိုက်တော့ ပြုံး
ရယ်နေတဲ့ ခေါင်းပြာလေးက ဆယ်ဟွန်းဆိုတဲ့ တစ်
ယောက်ရဲ့ လက်မောင်းကို အတင်းလိုက်ကိုက်နေ
သည် ။ ရယ်မောနေတဲ့ နှစ်ယောက်ကြောင့်
ခပ်ပြင်းပြင်း တောက် တချက်ခေါက် အတန်းတံခါး
ကို ကန်လိုက်တော့သည် ။