HeartBeat ♥

10.9K 1.7K 166
                                    

တုံးအ,လွန်းတဲ့ မောင်က ဘတ်ဟျွန်းနီ စိတ်ကောက်
နေတာကို  မသိဘူး ။ မောင့်ကို  စိတ်တိုလိုက်တာ ။
လူတယောက်က အဲ့လောက်ထိ တုံးနိုင်သလား
မောင် ။ ချစ်တဲ့သူမို့ အပြစ်လဲ မမြင်ရက်ပြန် ။ နား
ရွက်ကိုသာ နာနာလိမ်ဆွဲပြီး မောင်ရေ! ဘတ်ဟျွန်းနီ
တော့  စိတ်ကောက်နေပါတယ်လို့ အော်ပြောရမလို
လို ။ ကောင်မလေးတွေနဲ့ စကားပြောနေတဲ့ မောင့်ကို
စိတ်ဆိုးလွန်းလို့ စူပုတ်နေတဲ့ မျက်နှာနဲ့ ထွက်လာခဲ့
ပြတာတောင်  မောင်က တုံးတုံးအအ နဲ့ လာမချော့ခဲ့
ပါဘူး ။ ကြာကြာလေးတော့  စိတ်မကောက်လိုက်ရပါ
ဘူး ။ ကျောင်း Page မှာ လူကို ပြုံးပြုံးကြီးကြည့်နေ
တဲ့ မောင့်ပုံကို မြင်လိုက်တာနဲ့ စိတ်ကောက်တာတွေ
ပျောက်ပြီး မောင့်ဆီကို  အပြေးသာ သွားလိုက်ချင်
သည်  ။

ခေါင်းပြာလေး  ကျောင်းထဲဝင်လာတာနဲ့ ငေးကြည့်
ကြတဲ့   မိန်းကလေးတွေက ခေါင်းပြာလေးဆိုတဲ့ အ
ခေါ်အဝေါ်နောက်မှာ  စီနီယာအကိုကြီးက ကပ်ရက်
ပါသည် ။  နာမည်ကြီးသွားတဲ့  ပုံတပုံကြောင့် ခေါင်း
ပြာလေးမှာ  ပိုင်ရှင်ရှိနေပြီလားတဲ့  ။ တိုးတိတိုးတိ
ပြောနေကြတဲ့  အသံတွေကြားတော့  ခေါင်းပြာလေး
က နူတ်ခမ်းတွေကို  နားရွက်ထိ တက်ချိန်တော့မ
တတ် ပြုံးတယ်လို့ အိုဆယ်ဟွန်းက နှာခေါင်းရှုံ့ ကာ
ပြောသည် ။

"  မောင်က ငါ့ကို  ပြန်ကြိုက်နေပြီထင်တယ်နော်
ဆယ်ဟွန်းနီး   "

" ဒီလိုပဲကွ!  မတော်တဆ အကြည့်ကလေးတချက်
ဆုံမိသွားရင်တောင်  သူ ငါ့ကို ကြိုက်နေပါတယ်လို့
ထင်သွားတတ်ကြတာ  တကယ်တော့ မဟုတ်ပါဘူး
ကွာ   "

ခြေထောက်ကို  တက်နင်းပြီး  ရှေ့ကနေ စိတ်ဆိုး
မာန်ဆိုးနဲ့ ထွက်သွားတဲ့ ဘတ်ဟျွန်းကြောင့် အိုဆယ်
ဟွန်းတယောက်  ပါးစပ်ကို တင်းတင်းစိပြီး ကြိတ်
ရယ်တယ်  ။ သနားပါတယ်  သူ့ခဗျာ အဟုတ်ထင်
နေရှာတာ  ။ ပတ်ချန်းယောလ်က ပြန်ကြိုက်နေပါ
တယ်ဆိုပြီး  တညလုံးတောင် အိပ်မပျော်ခဲ့ဘူးတဲ့ ။

ခပ်လှမ်းလှမ်းမှာ  အကိုရှီးယောင်းနဲ့အတူ စကားတ
ပြောပြော နဲ့ လာနေတဲ့  မောင့်ကိုတွေ့တော့ အပြေး
သွားလိုက်တယ် ။ အကိုရှီးယောင်းထက်တော့ မဆို
သလောက်လေး အရပ်ပိုရှည်နေတဲ့ မောင်ကလူကြား
ထဲမှာ  ထင်းထင်းကြီး ဖြစ်နေတာ မဆန်းပါဘူး ။
လက်တဖက်ကို  ဘောင်းဘီအိတ်ကပ်ထဲ ထည့်ပြီး
လက်တဖက်ကတော့  လက်ဟန်ပြပြီး နူတ်ခမ်းတွေ
ထော်ထွက်တဲ့အထိ  စကားပြောနေတဲ့ မောင်က ချစ်
စရာကောင်းလိုက်တာ  ။

HeartBeat ♥[ Complete] Waar verhalen tot leven komen. Ontdek het nu