နှစ်ဖက်မိဘ တွေ့ဆုံပြီး မင်္ဂလာရက်ရွေးသည့်နေ့ ။
တွေ့ဆုံသည်က ဘတ်ဟျွန်းနီတို့ အိမ်မှာပင် ။ စရောက်သွားတော့ အိမ်အပေါ်ထပ် လှေကားကနေ ပြေး
ဆင်းလာတဲ့ ကောင်လေးက အပြာရောင်ဆံပင်လေး
တွေ လေထဲတဝဲဝဲနှင့် မောင်လို့ လှမ်းခေါ်လေသည်။
နောက်ကနေ လှမ်းခေါ်နေတဲ့ အမဖြစ်သူကိုတောင်
လှည့်မကြည့်တော့ဘဲ အပြေးဆင်းလာတော့ ကိုယ့်
မှာ လက်နှစ်ဖက်ဆန့်လို့ ပြေးကြိုရသည် ။ ခေါင်းပြာ
လေးက ကလေးငယ်သဖွယ် ချွဲလဲချွတတ်သေး၏ ။
ရှပ်အင်္ကျီဖြူလေးက လက်ကြယ်သီးပင် မတပ်ရသေး
ခေါက်တင်ပေးဖို့ ကိုယ့်အား လက်ကို ထိုးပေးလာပြန်
သည် ။" ခေါက်တင်ပေး မောင် "
အမဖြစ်သူက လှမ်းတားပေမဲ့ ကိုယ့်မှာ မငြင်းရက် ၊
မတားရက် ထိုးပေးလာတဲ့ လက်နှစ်ဖက်က အင်္ကျီ
လက်ကို သပ်သပ်ရပ်ရပ် ခေါက်တင်ပေးလိုက်သည် ။
ပြုံးနေတဲ့ ခေါင်းပြာလေးက ပါးကလေး မို့မို့ပြည့်ပြည့် ။ အသာလိမ်ဆွဲလိုက်တော့ ပို့လို့ပင် ပြုံးလေ၏ ။" သဲသဲကဲကဲ အတွဲပါပဲရှင် "
မေမေက မှတ်ချက်ပေးတော့ ဘတ်ဟျွန်းမိဘတွေက
သဘောတကျ ရယ်မောကြသည် ။ မောင့်ခေါင်းပြာ
လေးမို့ မောင့်မှာ မူပိုကာချစ်ခြင်းအပြည့်နှင့် မငြီးမ
ငြူ ချစ်ရသည် ။ ဒီလိုနေ့မျိုး ရောက်လာလိမ့်မယ်လို့
မောင့်ဖြင့် ထင်တောင်မထားခဲ့တာ အမှန် ။ စတွေ့
တုန်းက ကဲကဲလေးမို့ ဒေါသထွက်ပြီး လက်ထပ်ဖို့
ကိစ္စ မေမေ့ကို အသည်းအသန် ငြင်းရသေးသည် ။
မောင် လို့လာခေါ်လို့ ကျောင်းမှာ ပတ်ပြေးခဲ့ရသေး ။
ပြာပြာမြင်သမျှ မောင့်မှာ လန့်နေခဲ့ရ ။ အခုတော့ဖြင့်
မောင်တို့က မင်္ဂလာရက်တောင် ရွေးရတော့မယ်။ ဒါ
ကလဲ မောင်က လောလို့ ရက်က စောသွားခြင်းပင်။နှစ်ဖက်မိဘ စကားဝိုင်းမှာ ခေါင်းပြာလေးက သူ့မေမေဘေးနား မထိုင်ဘဲ မောင့်ဘေးမှာ လာထိုင်ပြီး
မျက်နှာလေး ပြုံးရိပ်ထင်လို့ ပျော်နေလိုက်သည်ဖြစ်
ခြင်း ။" မောင် ရင်ခုန်စရာကြီးနော် ဟီး "
ရက်မြက်ရွေးဖို့ မိဘတွေ ဆွေးနွေးတိုင်ပင်တော့ တီး
တိုးလေး အနားကပ်လို့ သူ ရင်ခုန်နေပါကြောင်း လာ
ပြောပြန်တယ် ။ ကိုယ့်လက်ဖဝါးကြား သူ့လက်လေး
က အံဝင်တကျ နှစ်မြုပ်လို့ နွေးထွေးနေသည် ။ လက်
က ငွေရောင် ဟန်ချိန်းလေးက တလက်လက်နှင့် ။
နောက်တော့မှ မောင် ကိုယ်တိုင်လုပ်ပြီး မောင့်ခေါင်း
ပြာလေးကို တမြတ်တနိုး မောင် ပေးပါဦးမယ် ။